ရန်ကုန်၊ အောက်တိုဘာ ၉
ရန်ကုန်မြို့တွင် အကြမ်းဖက် စစ်တပ် လုံခြုံရေးတင်းကြပ် ထားသည့် ကြားမှ တော်လှန်လူငယ် Demon အဖွဲ့မှ “တိုင်းပြည် အမှောင်ကျနေတာ လူလိုနားလည်ကြ” စာတန်း ချိတ်ဆွဲ ခဲ့ကြောင်း သိရသည်။
“တိုင်းပြည်အမှောင်ကျနေချိန်မှာ တစ်ပြည်လုံး တောင်ပေါ်၊ မြေပြန့်မကျန် ကျေးရွာများမီးရှို့ခံနေရသည့် အချိန်တွင် လူသားချင်းစာနာထောက်ထားပြီး သိတတ်နားလည်ကာ နေထိုင်ကြရန်၊ စကစအလိုကျ ပွဲတော်များ ပါဝင်ဆင်နွှဲကာ စကစအလိုကျ ထားရာနေ၊ စစ်ဖိနစ်အောက် ပျော်ပါးမနေကြရန်ဖို့ သတိပေးနဲ့ အနေနဲ့ ချိတ်ဆွဲ ခဲ့တာပါ” ဟု တော်လှန်လူငယ် Demon အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။