ရန်ကုန်၊ အောက်တိုဘာ ၉
ဆားလင်းကြီးမြို့နယ်တွင် ကျောင်းသား၊ ပြည်သူများ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၉ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန် သီးတင်းကျွတ် ဆီမီးသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သပိတ်တွင် မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ လက်ပံတောင်းတောင် ပင်မသပိတ်နှင့် မုံရွာ လူထုသပိတ် တိုက်ပွဲ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များ ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။