ရန်ကုန်၊ အောက်တိုဘာ ၉
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့မ ရဲစခန်းမှ စခန်းမှူး ရဲအုပ် စောနိုင်ဦး(ခ) ဗိုလ်စောသည် ယနေ့ညပိုင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
အောက်တိုဘာလ ၉ ရက်နေ့ည ၉ နာရီအချိန် မိတ္ထီလာခရိုင်၊ဝမ်းတွင်းမြို့နယ် မြို့မမစခန်းမှ ရဲအုပ် စောနိုင်ဦး(ခ)ဗိုလ်စော (ယာယီစခန်းမှူးနှင့်နယ်ထိန်းခေါင်းဆောင်)သည် သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ပစ်ခတ်မှုကို WTRF အဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“စခန်းမှူးကို ဦးညွန့်ဝင်း လက်ဖက်ရည်ဆိုင်ရှေ့မှာ ပစ်တာ။ လူအများကြီးရှေ့ဖြစ်သွားတာကို ပစ်သွားတဲ့သူမသိရမလားလို့ဆိုပြီး ခွေးတွေက သေနတ်တွေပစ်ဖောက်၊ ဆဲဆို တော်တော် သောင်းကျန်းသွားတယ်။ ပစ်ခတ်မှုဖြစ်တာက အမှတ် ၁ ရပ်ကွက်ရုံရှေ့ ဦးညွန့်ဝင်းလက်ဖက်ရည်ဆိုင်ရှေ့။ ပထမ ကျနော်တို့ သီတင်းကျွတ် ဗြောက်ဖောက်တယ်ထင်တာ။ နောက်မှ သေနတ်သံမှန်းသိတာ” ဟု ဝမ်းတွင်းမြို့ခံတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ဝမ်းတွင်းမြို့မရဲစခန်း။
Photo Credit- DVB ။