ရန်ကုန်၊ အောက်တိုဘာ ၁၀
အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် သံအမတ် ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းနှင့် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကျေးရွာတစ်ရွာတွင် အောက်တိုဘာလ ၉ ရက် သတင်းကျွတ်လပြည့်ည၌ ဆန္ဒပြကြသည်။
တော်လှန်ရေးတွင် ဓမ္မဘက်တော်သားများအနိုင်ရရှိစေရန်နှင့် အဓမ္မသမားအမြန်ဆုံး ကျဆုံးပါစေဟု ဆီမီးတစ်ထောင်ဖြင့် ဗုဒ္ဓမြတ်စွာဘုရားအား ပူဇော် ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။