ရန်ကုန်၊ အောက်တိုဘာ ၁၀
ရန်ကုန်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသများ အဖွဲ့ချုပ်)၊ ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ_YRSC၊ Burmese Youth Revolution Force – BYRF တို့ပူးပေါင်းကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲတွင် “အဖိနှိပ်ခံတို့ညီညွတ်ကြစစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ” စာတန်း ကိုင်ဆောင်ကာ လုံခြုံရေး တင်းကျပ်သည့် အခြေအနေ အရပ်ရပ်ကြားမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ်ကို ရန်ကုန်မြို့တွင် ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့၌ ချီတက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။