ရန်ကုန်၊ အောက်တိုဘာ ၁၀
အရာတော်မြို့နယ်တွင် အထက ခွဲ ကဲဘာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ကာ အောက်တိုဘာလ ၉ ရက်နေ့၌ ဒေသခံ ကာကွယ်ရေး ခေါင်းဆောင်များ ကျဆုံးခြင်း (၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် “တော်လှန်ရေးက သစ်ပင်ဆိုရင် ဗိုလ်အောင်စည် နှင့်ဗိုလ်စိုးမိုးက ရေသောက်မြစ်တွေဖြစ်တယ်” စာတန်း ကိုင်ဆောင်ကာ နိုင်ငံရေး သဘောတရားများဟောကြားခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ အခမ်းအနားသို့ သက်ဆိုင်ရာအဖွဲ့အစည်းများမှ တက်ရောက်ဂါရဝပြုခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။