ရန်ကုန်၊ အောက်တိုဘာ ၁၀
ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းမှ ရဲတပ်သား မောင်နီမန်သည် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF – Senthang ထံသို့ အောက်တိုဘာလ ၈ ရက်နေ့၌ အလင်းဝင်လာကြောင်း သတင်းရရှိသည်။
ဟားခါးမြို့မရဲစခန်းမှ ရဲတပ်သား မောင်နီမန်သည် G3 သေနတ် ၂ လက်၊ ကျည်ကတ် ၃ ခု၊ ကျည်များနှင့်တကွ CDF ထံ ပူးပေါင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရဲတပ်သား မောင်နီမန်၏ လုပ်ဆောင်မှုကို အထူးလေးစားဂုဏ်ပြုကြောင်း၊ ဆုကြေးငွေ သိန်း ၁၀၀ ကျပ် ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပြီးကြောင်း CDF – Senthang က ထုတ်ပြန်ထားသည်။