ရန်ကုန်၊ အောက်တိုဘာ ၁၀
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် သာစည်ကျေးရွာအနီးရှိ စစ်ကောင်စီက ဆောက်လုပ်နေသည့် အကျည်းထောင်အသစ်ကို အောက်တိုဘာလ ၉ ရက် ယမန်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၁၀ ရက် ယမန်နေ့ နံနက်တွင် မုံရွာအခြေစိုက် နမခကို လက်လုပ် ၄၀ မမ ၃ လုံး၊ ၆၀ မမ ၇ လုံး၊ ၁၀၀ မမ ၃ လုံး၊ ၁၂၀ မမ ၂ လုံး စုစုပေါင်း လက်နက်ကြီး ၁၅ လုံး ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။
အလားတူ ည ၈ နာရီခန့်တွင် မုံရွာမြို့နယ်၊ သာစည်ကျေးရွာအနီး စစ်ကောင်စီက ဆောက်လုပ်နေသော အကျဉ်းောထင်ကို လက်နက်ကြီးဖြင့် ၁၈ ကြိမ် ပစ်ခတ်တိုက်ခိုက်ရာ အကျဉ်းထောင်တွင်း ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် Chindwin Attack Force က သတင်းထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း ကနီမြို့နယ် အလယ်ကျွန်း ပျူစောထီးရွာရှိ စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလယ်ကျွန်း ပျူစောထီးရွာကို အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် KLG PDF (ကျောက်လုံးကြီး)နှင့် CRA အဖွဲ့တို့က ၁၀၀ မမ ဗုံးသီး ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပျူစောထီးနှင့် စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည် မပြုနိုင်သေးကြောင်း သိရသည်။
ဓါတ်ပုံ – KLG PDF (ကျောက်လုံးကြီး) က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်