ရန်ကုန်၊ အောက်တိုဘာ ၁၀
မကွေးတိုင်းနှင့် စစ်ကိုင်းအတွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသောနေရာများ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၁ ဦးထက်မနည်း သေဆုံးကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
ဆားလင်းကြီးရှိ စစ်ကောင်စီတပ် တပ်စွဲထားသော နေရာများ တပြိုင်တည်း တိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ကာကွယ်ရေး မဟာမိတ် ၁၁ ဖွဲ့က ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဆားလင်းကြီး ရဲစခန်း၊ ဆားလင်းကြီးဆေးရုံ၊ ကြံ့ဖွတ်ရုံးတို့ကို မဟာမိတ် ညီနောင် ၁၁ ဖွဲ့က စုပေါင်း၍ စိန်ပြောင်းများ၊ ရှော့တိုက်ဒုန်းများ အလုံး ၁၀၀ ခန့်ဖြင့် အောက်တိုဘာလ ၉ ရက်နေ့ ည ၉ နာရီ မှ ည ၁၁ နာရီ ၁၅ မိနစ် အထိ ၂ နာရီခန့်ကြာအောင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု အခြေအနေကို အတည် မပြုနိုင်သေးကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း ၄ နှင့် တပ်ခွဲ-၄ ခွဲ ၄ ၊ 5/ Teachers People Defence Force၊ Salingyi Revolution Army (SRA)၊ Fight For Freedom (F3)၊ Chindwin Defense Force (CDF)၊ Naung Gyi People Defence Force၊ သေမင်းတမန် ပြောက်ကျားအဖွဲ့၊ ရွှေညီကို ပြောက်ကျားအဖွဲ့၊ စစ်သူကြီး ပြောက်ကျား အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဝက်ပုတ်ရွာ တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံး
မကွေးတိုင်း မြိုင်နယ် ဝက်ပုတ်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့်ပျူစောထီးများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့မျက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၈ ဦးသေဆုံးကြောင်း သိရသည်။
ဝက်ပုတ်ရွာရှိ စစ်တပ်နှင့် ပျူစောထီးများကိုအောက်တိုဘာလ ၉ ရက်နေ့တွင်တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ၂ နာရီကျော်ကြာ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးကြောင်း နံ့သာမြေက
ယက္ခမြိုင် PDF တပ်ဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားသော နေရာကို R.D.F၊ M.U.G.D.F၊ အနောက်လွင်ပြင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့ အားမာန် ကာကွယ်ရေးတပ်ဖွဲ့၊ မုန်းတိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ ကိုအောင်ကြီး တပ်ဖွဲ့၊ မြိုင် PDF(ပကဖ) တပ်ရင်း ( ၁ ) တပ်ခွဲ ( ၁ )၊ မြိုင် PDF (ပကဖ) တပ်ရင်း ( ၁ ) တပ်ခွဲ ( ၂ )၊ ဘာမထီ၊ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင်၊ ဇာမဏီ ပြောက်ကျား တပ်ဖွဲ့၊ ဝံပုလွေ ပြောက်ကျား တပ်ဖွဲ့၊ ဇောင်းထက် ပြောက်ကျား တပ်ဖွဲ့၊ Hero G.Z၊ Mying Warriors၊ မဟူရာ အလင်းတန်း၊ နံသာမြိုင်၊ တမာမြေ၊ King Fither၊ Bermuda နှင့် Block Cobra ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရွာသစ်ကုန်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၃ သေဆုံး
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွာသစ်ကုန်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရပြီး ၁၃ ဦးသေဆုံးကြောင်း သိရသည်။
ရွာသစ်ကုန်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို Khin U Specialforce Organization-KSOနှင့် ဒေါင်းစစ်သည်အဖွဲ့က အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဘန့်ဘွေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာတွင် တပ်စွဲထားသော စစ်တပ်နှင့် ပျူစောထီးများ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရကြောင်း သိရသည်။
စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားသော နေရာကို အောက်တိုဘာလ ၉ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ချင်းတွင်း တိုက်ဂါး-LPDFမှ လက်နက်ကြီးများနှင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည် မပြုနိုင်သေးကြောင်း LPDF တပ်ဖွဲ့ထံမှ သိရသည်။