ရန်ကုန်၊ အောက်တိုဘာ ၁၀
မြိုင်မြို့နယ် အတွင်းရှိ ကျေးရွာ ၂ ရွာတွင် ဒေသခံ ပြည်သူများ၊ ဒေသခံ ကာကွယ်ရေး ရဲဘော်များနှင့် မြိုင်မြို့နယ်အခြေခံပညာ အထွေထွေ သပိတ်ကော်မတီတို့ ပူးပေါင်းကာ စစ်အာဏာရှင် တော်လှန်ရေး ဆီမီး သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆန္ဒပြပွဲတွင် “ဓမ္မဘက်တော်သားများ ကျန်းမာဘေးကင်းကြပါစေ” ၊ “အာဏာရှင်စနစ် အမြစ်ပြတ်ကျရှုံးရမည်”၊ “ငြိမ်းချမ်းပါစေမြန်မာပြည်”၊ “ပျော်စရာသီတင်းကျွတ်မဟုတ်တဲ့ တော်လှန်သီတင်းကျွတ်” စသည့် ကြွေးကြော်သံများဖြင့် ဆီမီး သပိတ်နှင့် ဆုတောင်းပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။