26 C
Yangon

ဝမ်းတွင်းတွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ကိုဆန်းဝင်း သေဆုံးပြီး ကိုစိန်ရွှေ အပြင်းအထန်ဒဏ်ရာရ၊ လူမှားပစ် ခတ်မိဟုဆိုပြီး သေဆုံးသူနှင့် ဒဏ်ရာရသူကို စွန့်ပစ်ထားခဲ့

Must read

မတူပီတွင် စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၁

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်တွင် ဆိုင်ကယ် စီးနင်းလာသည့် ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Voice of Wundwin က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ထနောင်းကုန်းရွာ အနောက်ဘက် လိန်ပင်လမ်းခွဲတွင် ဆိုင်ကယ် စီးနင်းလာသည့် ကိုဆန်းဝင်းနှင့် ကိုစိန်ရွှေကို ဆိုင်ကယ် မရပ်ပေး၍ဟုဆိုကာ အ ကြောင်း မဲ့ ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ကိုဆန်းဝင်းသည် သေနတ် ဒဏ်ရာများဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကိုစိန်ရွှေသည် လည်ပင်းနှင့် ဒူးတို့တွင် သေနတ် ထိမှန် ဒဏ်ရာကာ ဆေးရုံတွင် အသက်လုပ်နေရကြောင်း သိရှိရသည်။

ယင်းနောက် စစ်ကောင်စီလက် အောက်ခံ ရဲတပ်ဖွဲ့ဝင်များက လူမှားသွား ပစ်ခတ်မိသည်ဟု ပြောဆိုခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသည့် ကိုစိန်ရွှေကိုလည်း ပစ်ခတ်ခဲ့သော နေရာတွင် ထားပစ်ခဲ့ကြောင်း နယ်မြေခံ သတင်းရစ်မြစ်ဖြစ်သည့် Voice Of Wundwin အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“ဝမ်းတွင်းမြို့နယ်လိန်ပင်ကျေးရွာနေ (ညဏ်ကန်ရှောက်တောဇာတိဖွား)ကိုဆန်းဝင်း နှင့် ကိုစိန်ရွှေ ကို ထနောင်းကုန်းကျေးရွာ အနောက်ဘက် လိန်ပင်လမ်းခွဲမှာ ဆိုင်ကယ် မရပ်ပေးလို့ ရဲခွေးတွေက ပစ်တာ။ ကိုဆန်းဝင်း ​ နေရာတင်ပွဲချင်းပြီးဆုံးပါတယ်။ ကိုစိန်ရွှေ ကတော့ လည်ပင်းနှင့်ဒူးမှာ သေ နတ်ဒဏ်ရာနဲ့ အသက်လုပ်နေရပါတယ်။ ခွေးတွေက ပစ်ခတ်ပြီး လူမှားတယ်ဆိုပြီး ဒီတိုင်းထားခဲ့တယ်။ ခွေးတွေကမြို့ပေါ်ကလမ်းပေါ်မှာ ဒီနေ့တစ်နေကုန်အစစ်အဆေးကြမ်းနေတာ။ ဘာမှအပြစ်မှမရှိဘဲ ပြည်သူတွေကို ထိုင်ထလုပ်ခိုင်းတယ်။ ဖားခုန်ခိုင်းတယ်။ ကန်တယ် ဆိုင်ကယ်မရပ်လို့ဆိုပြီးနောက်ကအတင်းလိုက်ပြီးပစ်တာပါ။ အပစ်ခံရတဲ့၂ယောက်ကအသက်ကြီးပြီ” ဟု Voice Of Wundwin အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းပြသည်။

အလားတူ ချင်းပြည်နယ် မတူပီမြို့တွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိကာ ဒေသခံ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း CDF-Matupi ထံမှ သိရသည်။

အောက်တိုဘာလ ၁၀ ရက်နေ့တွင် မတူပီမြို့အနီးရှိ လည်မျိုချောင်း တစ်ဝိုက်တွင် စစ်တပ်၏မိုင်းကို ပြည်သူ ၁ ဦး က ဝါဥခြံသို့ သွားရောက်စဥ် နင်းမိပြီး သေဆုံးခဲ့ရကြောင်း CDF-Matupiက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- မတူပီတွင် စစ်တပ်၏ မိုင်း နင်းမိပြီး သေဆုံးသူ ပြည်သူ ၁ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article