26 C
Yangon

မြောက်ဒဂုံ ၇/၈ လမ်းဆုံတွင်ယနေ့ နံနက်အစောပိုင်း ဗုံးပေါက်ကွဲ၊ စမ်းချောင်းနှင့်လှိုင်မြို့နယ်တွင် ဗုံးများ ပေါက်ကွဲခဲ့

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၁

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၊ ၇/၈ လမ်းဆုံတွင် ယနေ့ နံနက်အစောပိုင်း ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၄ နာရီ ၄၆ မိနစ်အချိန်၊ မြောက်ဒဂုံ ၇/၈ လမ်းဆုံတွင် ဗုံးတစ်ကြိမ်ပေါက်ကွဲခြင်းဖြစ်ပြီး ပေါက်ကွဲသံအလွန်ပြင်းထန်ကြောင်း ဒေသခံများက ဆိုကြသည်။

“မနက်အစောကြီး အသံအရမ်းကျယ်ကျယ်လောင်လောင်နဲ့ ဗုံးပေါက်သွားတာ။ ကာဖျူး အချိန် နံနက် ၄ နာရီ ပြီးတော့ သိပ်မကြာဘူး။ ပေါက်တာက ၇/၈ လမ်းဆုံနားပဲ။ လူထိခိုက်မှု ရှိ၊ မရှိ မသိပါဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ ယမန်နေ့ည ၁၀ နာရီ ၅၀ မိနစ်အချိန် လှိုင်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တွင် ဗုံးများဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“စမ်းချောင်းမှာ မနေ့ည ၈ နာရီ ၅ မိနစ်အချိန်က ဗဟိုလမ်းနဲ့ဗားကရာလမ်း ထောင့်မှာ ဗုံးပေါက်တယ်။ အဲဒါပြီးတော့ ည ၁၀ နာရီ ၅၀ မှာလည်း ဗုံးပေါက်တယ်။ အဲဒီ ပထမ ပေါက်တဲ့အနားနဲ့ မလှမ်းမကမ်းမှာပဲပေါက်တာ။ အဲဒါ ခွေးတွေ ရှိနေတဲ့အချိန် ထပ်ပေါက်တာ။ ဗုံးထပ်တွေ့လို့ စစ်ခွေးတွေ ဖောက်ခွဲလိုက်တာလို့လည်းပြောပါတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဗဟိုလမ်းမပေါ် စမ်းချောင်းတရားရုံးအနီးရှိ ယာဥ်ထိန်းရဲကင်းအား နိုင်ငံရေးအကျဉ်းသားများ အားလုံးတွက်ကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force (FLA) ၊ Emerald Girls Army (EGA) နှင့် Revolution of 21 Century အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ ညပိုင်း၌ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း FLAအဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့ည ၈ နာရီ ၁၀မိနစ်ဝန်းကျင်တွင် စမ်းချောင်းမြို့နယ်တရားရုံးအနီး ဗဟိုလမ်းမီးပွိုင့်ထိပ်ရှိ ယာဥ်ထိန်းရဲကင်းအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲကင်း‌ရှေ့ပိုင်း ပျက်စီးမှုရှိခဲ့ကြောင်း ၊ ပေါက်ကွဲမှုအပြီး စစ်ကောင်စီဝင်များ ရောက်လာချိန်တွင် ထပ်မံဖောက်ခွဲတိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း ပစ္စည်း Error တက်မှုကြောင့် ပေါက်ကွဲခြင်းမရှိခဲ့ကြောင်း FLA အဖွဲ့က ဆိုသည်။

ဓာတ်ပုံ- ယမန်နေ့ည ၁၀ နာရီ ၅၀ မိနစ် ဒုတိယအကြိမ် ဗုံးပေါက်ကွဲမှု မဖြစ်မီ စမ်းချောင်းတရားရုံးရှေ့ကို ပိတ်ဆို့ထားစဉ်။ ဒုတိယဗုံးမှာ စစ်တပ်က ဖောက်ခွဲခြင်းဖြစ်ကြောင်း သိရှိရသည်။

Photo-CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article