25 C
Yangon

မင်းကင်းတွင် စစ်သင်္ဘောအုပ်စု နှင့် PDF တပ်များ တိုက်ပွဲများဖြစ်ပွားနေ၊ ထားဝယ်-ရေး ကားလမ်းပေါ်တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်အတွင်း ဖက်ခက်ကျေးရွာအနီးတွင် အောက်တိုဘာ၁၁ ရက်နေ့ နံနက် ၈နာရီ အချိန်စမှစတင်ပြီး စစ်သင်္ဘောအုပ်စုနှင့် ဒေသခံပြည်သူကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

ချင်တွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်ကောင်စီဖလပ်ခွံမော်တော်များ၊ စစ်သင်္ဘောများကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါင်းစုံက တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပစ်ခတ်နေကြတာတော့ အပြန်အလှန်ပစ်နေကြတာပဲ။ ဘယ်ဘက်က ဘယ် လောက်သေတယ်ဆိုတာတော့မသိရသေးဘူး။ ဒေသခံရွာသားတွေကတော့ အကုန်ထွက်ပြေးနေရတယ်။ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေလည်း စစ်ဘေးရှောင်တဲ့ နေရာတွေအနီးလာကျတာတွေလည်းရှိတယ်။ အထိခိုက်ကတော့မရှိဘူး”ဟု မင်းကင်းမြို့နယ်မှ စစ်ဘေးရှောင် အိမ်ရှင် မတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ပစ်ခတ်ရင်း မော်တော်များနှင့်သင်္ဘောများ ဆန် တက်နေကြောင်း၊ ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း လိုက် လံပစ်ခတ်နေဆဲဖြစ်ကြောင်း ၊ စစ်ကောင်စီတပ်ဘက်မှ အထိနာနေကြောင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

အလားတူ တနင်္သာရီတိုင်းထားဝယ်-ရေးကားလမ်းပေါ်ရှိ မောင်မယ်ရှောင်ရွာအနီးတွင် ယနေ့နံနက်ပိုင်း စစ်ကား ၉ စီးပါ ယာဉ်တန်းကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်မှု တစ်ရပ် ယနေ့ နံနက်ပိုင်း ဖြစ်ပွားကြောင်း ဒေသသတင်းရင်းမြစ် Dawei Information Center က ပြောသည်။

အောက်တိုဘာ ၁၁ ရက်၊နံနက် ၆ နာရီခွဲကျော် အချိန် ထားဝယ်ဘက်မှ ရေဖြူသို့ ဦးတည်တက်လာသော စစ်ယာဥ်တန်းကို မိုင်း(၃)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မိုင်း(၃)လုံးပေါက်ကွဲမှုကြောင့်မြေတွေပါတုန်လှုပ်သွားခဲ့တယ်။စကစတွေကားပေါ်ကနေသေနတ်ကျည်ရမ်းပစ်ပြီးမောင်းပြေး သွားပါတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယင်းအခင်းဖြစ်ပွားရာသို့ စကစ များထပ်ရောက်ရှိလာ၍ စစ်ဆေးမှုပြုလုပ်ခြေရှုပ်ခဲ့ကြောင်း၊ အဆိုပါဖောက်ခွဲမှုတွင်ဖက်ဆစ်တပ်သားများထိခိုက်သေ ဆုံးများနိုင်၍မည်သည့်အဖွဲ့စည်းကနေလုပ်ဆောင်ခဲ့ခြင်းကိုမူမသိရသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- မြစ်အတွင်းသွားလာနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ပိုင် စစ်သင်္ဘောအငယ်စားတစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article