ရန်ကုန်၊ အောက်တိုဘာ ၁၁
အာဏာရှင်စနစ် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် “ဘယ်သူမှ မပါဝင်လည်း
ရှိတဲ့လူနဲ့ပဲ ငါတို့ဆက်တော်လှန်မယ်။ တလက်မမှ နောက်မဆုတ်နိုင်ဘူး။ လုံးဝအုပ်ချုပ်ခွင့်မရစေရဘူး” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။