28 C
Yangon

ချောင်းဦးမြို့နယ်၊ မယ်သဲကြိုးကွင်း၊ ခင်မွန်၊ အောင်ချမ်းသာ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မယ်သဲကြိုးကွင်း၊ ခင်မွန်၊ အောင်ချမ်းသာကျေးရွာများကို ယမန်နေ့ စစ်တပ်က မီးရှို့ဖျက်ဆီးသဖြင့် အိမ်ခြေ ၁၀၀ နီးပါး မီးလောင်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်း အင်အား ၇၀ ပါသော စစ်ကြောင်းသည် ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မယ်သဲကြိုးကွင်းမှ အိမ်ခြေ ၆၀ ဝန်းကျင်ခန့် မီးရှို့ခံရကြောင်း၊ ခင်မွန်ရွာနှင့် အောင်ချမ်းသာကျေးရွာလည်း မီးရှို့ဖျက်ဆီးခံရကြောင်း သိရှိရသည်။

“ခင်မွန်ရွာ ကိုမီးရှို့ပြီး အောင်ချမ်းသာရွာကိုဝင်တယ်။ အဲဒီကနေတဆင့် မယ်သဲကြိုးကွင်းဆင်းလာပြီး ထပ်ရှို့တယ် အိမ်ခြေ ၆၀ ဝန်းကျင်ခန့်လောက်မီးလောင်သွားတယ်။ စစ်တပ် ခွေးအင်အားက ၇၀ လောက်ပါတယ်။ အဲကနေမှ ပျူစောထီးရွာကင်မွန်းတော်ကိုဝင်ကြတယ်။ ကင်မွန်တော်ရောက်ခါနီးတိုက်ပွဲဖြစ်သေးတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ချောင်းဦးမြို့နယ်၊ မယ်သဲကြိုးကွင်းကျေးရွာသို့ မကြာခဏ စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံများ၏ အဆိုအရ သိရှိရသည်။

ဓာတ်ပုံ-မယ်သဲကြိုးကွင်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article