ရန်ကုန်၊ အောက်တိုဘာ ၁၂
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုတစ်ခုစီအတွက် ထောင်ဒဏ် ၃ နှစ်နှင့် နှစ်မှုအတွက် ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်ကြောင်း တရားရေးအသိုင်းအဝိုင်းထံမှ သိရှိရသည်။
စစ်ကောင်စီက စွပ်စွဲထားသော အဂတိမှုနှစ်မှုကို တစ်မှုလျှင် ထောင်ဒဏ် ၃ နှစ်စီဖြင့် နှစ်မှုအတွက်ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်ခြင်းဖြစ်ပြီး၊ ထောင်ဒဏ်များကို တစ်ပေါင်းတည်း ကျခံရန် ဆိုသဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
အသက် ၇၆ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားပြီးရာမှ ယနေ့တွင် အမှု ၄ ခုအတွက် အမိန့်ချခြင်းဖြစ်ကြောင်း၊ အမှု ၃ ခုအတွက် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ပြီး တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချကြောင်း၊ အခြားအမှုတစ်ခုအတွက်လည်း ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်သဖြင့် စက်တင်ဘာလ ၂ ရက်နေ့ အမှု ၄ ခုအတွက် ထောင်ဒဏ် ၆ နှစ်ချမှတ်ခြင်းဖြစ်ကြောင်း၊ လက်ရှိ တွင် စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ်ချမှတ်ခံထားရာမှ စက်တင် ဘာလ ၂ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်ခြင်းဖြစ် ကြောင်း၊ အောက်တိုဘာ ၁၂ ရက်နေ့တွင် ထောင်ဒဏ် ၆ နှစ်ချမှတ်ခြင်းသဖြင့် ထောင်ဒဏ် စုစုပေါင်း ၂၆ နှစ်ရှိလာကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး၍ ဥပဒေမဲ့ အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။