ရန်ကုန်၊ အောက်တိုဘာ ၁၂
အာဏာရှင်စနစ် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့တွင် “အာဏာရှင်ဆိုတာ
အာဏာရှိရင် ရက်စက်တယ်။ အာဏာမဲ့ရင် ယုတ်မာတယ်။
အာဏာလိုချင်ရင်ကောက်ကျစ်တယ်။ တော်လှန်မလား။ ငြိမ်ခံမလား။ စဥ်းစား” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။