25 C
Yangon

မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ဒဏ်ရာရ စစ်သားများ တင်လာသည့် စစ်ကား မိုင်းဆွဲ ခံရပြီး ၅ ဦးသေဆုံး၊ လွိုင်ကော်တွင် စစ်တပ် ဂိတ်စခန်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ဒဏ်ရာရ အကြမ်းဖက် စစ်သားများ လိုက်ပါလာသော စစ်ကား ၁ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးကြောင်း PDF-South Monywa တပ်ဖွဲ့ထံမှ သိရသည်။

ထိခိုက် ဒဏ်ရာရ စစ်သားများ တင်ဆောင်လာသော စစ်ကားကို အောက်တိုဘာလ ၁၁ ရက်နေ့ ည ၇ နာရီခန့်တွင် မုံရွာ-မန္တလေး လမ်းမကြီးပေါ်ရှိ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ချောင်းဦး မှ မုံရွာသို့ မောင်းနှင်လာစဥ် ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s Defence Force – South Monywa ပြုလုပ်ခဲ့ပြီး ယင်း စစ်ကားသည် မုံရွာသို့ ပြန်ရောက်စဥ် ထိခိုက်ဒဏ်ရာရ စစ်သားများထဲမှ ၅ ဦးသေဆုံးကြောင်း PDF-South Monywa တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ကယန်းသာယာလမ်းဆုံရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့် ဂိတ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက စက်တင်ဘာလ ၂၉ ရက်နေ့၌ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဂိတ်စခန်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၁၀၀၅ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း အမှတ် ၁၀၀၈ တပ်ရင်းက ထုတ်ပြန်သည်။

တိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article