ရန်ကုန်၊ အောက်တိုဘာ ၁၂
ကနီမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် ကျောင်းသား ပြည်သူများ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆန္ဒပြပွဲကို ကနီမြို့နယ် လူထုသပိတ် တိုက်ပွဲ ဦးဆောင် ကော်မတီ၊ မုံရွာမြို့နယ် လူထုသပိတ် တိုက်ပွဲ ဦးဆောင် ကော်မတီနှင့် မုံရွာ စီးပွားရေးတက္ကသိုလ် ကျောင်းသား သမဂ္ဂတို့ ပူးပေါင်းကာ “ပြာပုံကြားက တော်လှန်ဆဲ ငါးမျဥ်းစောင်းတို့ မာန်နှင့်ဇွဲ” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။