22 C
Yangon

မရမ်းကုန်းရှိ စစ်ကောင်စီ၏ ဆက်သွယ်ရေးတပ် အိမ်ထောင်သည်လိုင်းခန်းကို ဗုံးဖြင့် ဖောက်ခွဲ၊ တောင်ဥက္ကလာတွင် ဗုံးတွေ့ရှိ၍စစ်တပ်က လမ်းပိတ်ဖောက် ခွဲ၊ လှိုင်တွင် စက်သေနတ်အတွဲလိုက် ပစ်ခတ်သံများကြားရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၂

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဆက်သွယ်ရေးတပ် အိမ် ထောင် သည်လိုင်းခန်းကို ယနေ့ညပိုင်းတွင် မြို့ပြပျောက်ကျားတပ်ဖွဲ့ WOH က ဖောက်ခွဲတိုက်ခိုက်ကြောင်း အဆိုပါအဖွဲ့မှ ဗိုလ်တွတ်ပီက ပြောသည်။

အောက်ိုဘာ ၁၂ ရက်နေ့ ည ၈ နာရီ ၂၇ မိနစ်အချိန် မရမ်းကုန်းမြို့နယ်၊ ၉ မိုင်၊ တော်ဝင်လမ်းရှိ ဆက်သွယ်ရေးတပ် အိမ်ထောင်သည်လိုင်းခန်းကို ဗုံးဖြင့် ဖောက် ခွဲတိုက်ခိုက်ခြင်းဖြစ်ပြီး ပျက်စီးထိခိုက်မှု တစ်စုံတစ်ရာ မသိရသေးကြောင်း၊ အဖွဲ့သားများ ထိခိုက်မှုမရှိဘဲ ဘေးကင်းလုံခြုံကြောင်း ဗိုလ်တွတ်ပီက ဆိုသည်။

အလားတူ အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီအချိန် တောင်ဥက္ကလာပမြိုနယ်၊ (၈) ရပ်ကွက်၊ ရတနာလမ်းရှိ Star World KTV ဆိုင်အနီးတွင် ဗုံးနှစ်လုံးတွေ့ရှိ၍ စစ်တပ်က လမ်းပိတ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ညနေ ၆ နာရီ ၁၅ မိနစ်အချိန်မှာ တောင်ဥက္ကလာမှာ ဗုံးပေါက်ကွဲသံ နှစ်ချက်ကြားရတယ်။ ရန်ကင်းဘက်တွေကတောင် ကြားလို့ ဖုန်းဆက်မေးတယ်” ဟု တောင်ဥက္ကလာဒေသခံတစ်ဦးက ပြောသည်။

ထို့အတူ လှိုင်မြို့နယ်တွင် ယနေ့ ည ၇ နာရီအချိန် ပစ်ခတ်သံများကြားရပြီး အချက် ၂၀ ကျော် ဆက်တိုက် ပစ်ခတ်သံကြားရသည်ဟု ဒေသခံများက ပြော သည်။

“ဒီည ၇ နာရီမှာ လှိုင်နဲ့ မရမ်းကုန်း ဝန်းကျင် စစ်ကြောရေးလား ၊သမိုင်းတံတားနားလားတော့ အတိကျမသိဘူး။ သေနတ်ပစ်သံတွေကြားရတာ။ အတွဲလိုက်ပစ်ခတ်သံတွေကို ကြားရတာပါ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်တွင် စစ်ဆေးမှုများလုပ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article