21 C
Yangon

လှိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၁ စစ်ကြောရေးနှင့် တည်းခိုရေးတပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ရန်ကင်းတွင် ဗုံးကွဲ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၂

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ် ၁ စစ်ကြောရေးနှင့် တည်းခိုရေးတပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုတစ်ရပ်ကို ယနေ့ ညနေ ၆ နာရီကျော်အချိန်တွင် လုပ်ဆောင်ခဲ့သဖြင့် လှိုင်မြို့နယ်အတွင်းရှိ ဒရုန်းလွှတ်တင်မှုရှိသည့်နေရာများကို စစ်တပ်က လိုက်လံစုံစမ်းနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တချို့ထံမှ သိရှိရသည်။

ယနေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန် လှိုင်မြို့နယ်ရှိ ဘုရင့်နောင်လမ်းမဘေးရှိ အမှတ် ၁ စစ်ကြောရေးနှင့် တည်းခိုရေး တပ်ကို ဒရုန်းဖြင့် ဗုံး ၁ လုံး ကျဲချသွားသဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ ည ၈ နာရီလောက် ရဲနဲ့စစ်တပ်ဘက်က ဒရုန်းတွေ ဘယ်အိမ်တွေက လွှတ်တာတွေ့လဲ မေးတယ်။ ရပ်ကွက်ထဲမှာ ဒရုန်းပိုင်ဆိုင်တဲ့ အိမ်သိလား အဲဒါမျိုးမေးလာတယ်။ ဒရုန်းနဲ့ဗုံးကျဲသွားလို့ မေးတာလို့ပြောတယ်။ ကိုယ့်အပိုင် ရပ်ကွက်၊ လမ်းဘက်မှာ ဒရုန်းတွေရောင်းချတာ၊ လွှတ်တင်တာ၊ ထားရှိတာတွေ ရှိ၊ မရှိ စုံစမ်းဖို့လည်း ပြောလာတယ်” ဟု လှိုင်မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အလားတူ ရန်ကင်းမြို့နယ်တွင်လည်း ယနေ့ ည ၉ နာရီ ၅၅ မိနစ်အချိန် ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်စွာကြားရ ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သတင်းပေးပို့ကြသည်။

ဓာတ်ပုံ- ကရင်ပြည်နယ်မှ ဖက်ဒရယ်ဝင်း ဒရုန်းတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article