ရန်ကုန်၊ အောက်တိုဘာ ၁၂
မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီ၊ ဗကသ ရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာ ဆရာများ သမဂ္ဂ (ဗလကသ)နှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ အောက်တိုဘာလ(၁၂)ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို “POWET TO THE PEOPLE”၊ “ဖိနှိပ်ခံတို့ညီညွတ်ကြ စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ”၊ “တောင်တန်းမြေပြန့်ညီညွတ်ကြ” စသည့် စာတန်းများ ကိုင်ဆောင်ကာ ချီတက် ဆန္ဒဖော်ထုတ်ခဲ့ပြီး သပိတ်ကော်မတီဝင်တစ်ဦးနှင့်ဗကသရဲဘော်တစ်ဦးက သပိတ်တရားများ ဟောပြောခဲ့သည်ဟု သိရသည်။