20 C
Yangon

ပေါက်မြို့နယ်၊ သီးချောက်ရွာကို စစ်တပ်က ထပ်မံမီးရှို့နေပြီး ရွာလုံးကျွတ်ထွက်ပြေးနေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၃

မကွေးတိုင်း ပေါက်မြို့နယ် သီးချောင်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ နံ နက်ပိုင်းတွင် ထပ်မံ မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ပြာကျနိုင်ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် သီးချောက်ကျေးရွာကို အောက်တိုဘာလ ၁၂ ရက်နေ့ ည ၉ နာရီခန့်တွင် ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီးနောက် ကျေးရွာအတွင်းမှ သေနတ်များ ပစ်ဖောက်ကာ လက်နက်ကြီးများလည်း ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် ကျေးရွာကို ထပ်မံ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး ရွာလုံးကျွတ်နီးပါး ပြာကျနိုင်ကြောင်း သိရသည်။

“ပေါက်မြို့နယ် တောင်ပိုင်း သီးချောက်ရွာကို စစ်ခွေးနဲ့ ပျူခွေးတွေ ဒီနေ့ နံနက်ပိုင်းမှာ မီးထပ်ရှို့နေတယ်။ ညကလည်း ရှို့တယ် ရွာလုံးကျွတ် နီးပါးပြာကျနိုင်တယ်။ လက်ရှိချိန်ထိ ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေလည်း ထွက်ပြေးရင်း တကွဲတပြားတွေ ဖြစ်နေတယ်။ ဘယ်သူတွေ ထိခိုက်မှုရှိတယ်၊ ပျောက်ဆုံးတယ်ဆိုတာလည်း အတည်မပြုနိုင်သေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article