21.1 C
Yangon

ချောင်းဦးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံး၊ မယ်သဲကြိုးရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၇၀ ကျော်ပြာကျ၊ ဇီးကုန်း MEC သကြားစက်ရှိ စစ်ကောင်စီတပ်များ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၂ ဦးသေဆုံးကြောင်း CHUPDF တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မယ်သဲကြိုးရွာမှ စစ်ကြောင်း ၂ ကြောင်းခွဲ၍ အင်းမရွာဘက်သို့ ထွက်ခွာလာစဥ် CHU PDF တပ်ခွဲ(၁) ရဲဘော်များက တိုက်မိုင်း ၁ လုံးဖြင့် စတင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်အပြန်အလှန် ၁ နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ တပ်ကြပ် ၁ ဦးနှင့် တပ်သား ၁ ဦး သေဆုံးခဲ့​ပြီး ကင်မွန်းတော် ပျူစောထီးရွာ အတွင်းသို့ ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

ညနေ ၄ နာရီခန့်တွင် ကင်မွန်တော် ပျူစောထီးရွာမှ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ပြန်လည် ထွက်ခွာလာစဥ် ချောင်းဦးမြို့ အဝင်၌ CHUPDF တပ်ခွဲ(၄) မိုင်းတပ်ခွဲမှ မိုင်း ၂ လုံးဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၁၀ ဦးသေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ချောင်းဦးမြို့နယ် ပကဖ ၊ မုံရွာခရိုင်အမှတ်(၆) တပ်ရင်း တပ်ခွဲ(၁) တို့၏ဦးဆောင်မှုဖြင့် CHUPDF က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်က မုံရွေး၊ ခင်မွန်၊ အောင်ချမ်းသာကျေးရွာတို့မှ လူသားဒိုင်းအဖြစ် ပြည်သူ ၃၀ ဦးကို ဖမ်းဆီးခေါ်ဆောင်ကာ ၂ ဖွဲ့ခွဲပြီး ချောင်းဦးမြို့ အနောက်ဘက်ရှိ ကျေးရွာများကိုထွက်ခွာလာပြီး မယ်သဲကြိုးရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခံကြောင်း CHUPDFက ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်း ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်း MEC သကြားစက်ရုံရှိ စစ်တပ် အထိုင်စခန်းကို ကာကွယ်ရေးအဖွဲ့များ ပူပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် အထိုင်ချ တပ်စွဲထားသော ဇီးကုန်း MEC သကြားစက်ရုံကို အောက်တိုဘာလ ၇ ရက်နေ့တွင် Kanbalu Underground Warriors ၊ MPF U-18 ၊ PLGF ၊ လင်းယုန်နီ ကန့်ဘလူ အဖွဲ့များတို့ ပူပေါင်းကာ Drone ဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီး MEC စက်ရုံမှ ထွက်လာရာ စစ်သားများကို မိနစ်၂၀ ခန့် အပြန်လှန် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လင်းယုန်နီ ကန့်ဘလူ အဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article