ရန်ကုန်၊ အောက်တိုဘာ ၁၃
မကွေးတိုင်း ရေစကြိုမြို့နယ် ဇီးတောရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေကြောင်း We Love Myaing အဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်သည် မြိုင်မြို့နယ်နှင့် ရေစကြိုမြို့နယ် အစပ်ရှိ ဇီးတောရွာကို စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းပြီး ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် မီးရှို့ ဖျက်ဆီးနေပြီး လက်ရှိချိန်တွင် နေအိမ် ၇ လုံး မီးလောင် ပြာကျသွားပြီးကြောင်း သိရသည်။
” မြိုင်မြို့နယ်နဲ့ ရေစကြိုမြို့နယ် အစပ်ကို စစ်ခွေးတွေက စစ်ကြောင်း ထိုးပြီး ယနေ့ ညနေ ၃ နာရီ ၃၀ မိနစ်မှာ ဇီးတောရွာကို မီးရှို့ ဖျက်ဆီးနေတယ်။ အခု လက်ရှိထိ နေအိမ် ၇ လုံးလောက် မီးထဲပါသွားပြီလို့ သိရတယ်။ မနေ့ ညနေက ပခုက္ကူနယ် အင်ပင်ရွာကနေ ထွက်လာတဲ့စစ်ကြောင်း ရှို့နေတာ ဒီနေ့ နံနက် ကိုင်းရွာကနေ ရေစကြိုနယ်ထဲကို ဝင်ပြီး ကျောက်ထက်ရွာကို ဝင်မွှေတယ်။ ပြီးတော့ အခု ညနေ ဇီးတောရွာထဲကို ဝင်ပြီးရှို့နေတာ” We love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။