32 C
Yangon

ငါန်းဇွန်တွင် စစ်တပ် မိုင်းခွဲတိုက်ခိုက်ခံရမှု စစ်သား ထိခိုက်သေဆုံးမှုရှိ၊ မုံရွာ၊ တောပုကျေးရွာရှိ စစ်တပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၃

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Youth Guerrilla Counter Revolution က ၂ ကြိမ် မိုင်းခွဲတိုက်ခိုက်ရာ စစ် သား ထိခိုက်သေဆုံးမှုများရှိကြောင်း သတင်းရရှိသည်။

ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်သားများသည် ကင်းလှည့်ထွက်လာစဉ် အောက်တိုဘာလ ၁၂ ရက် ည ၁၁ နာရီခွဲ၌ ပဒေသာမိုင်း ၁၁ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မိုင်းခွဲတိုက်ခိုက်ခံရသော အဆိုပါနေရာသို့ ထပ်မံလာရောက်သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို အောက်တိုဘာလ ၁၃ ရက် ယနေ့နံနက် ၄ နာရီ ၁၅ မိနစ်၌ ပဒေသာမိုင်း ၁၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ထိခိုက်သေဆုံးမှု ရှိကြောင်း Youth Guerrilla Counter Revolution အဖွဲ့ထံမှ သိရှိရသည်။

တိုက်ခိုက်မှုများကို Youth Guerrilla Counter Revolution၊ နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့၊ မီးနဂါး၊ မန်စွယ်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ONE LPDF၊ Black Hero Guerrilla Force တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်ပါးစေ ပျူစောထီးများကို ယင်းမာပင်ခရိုင် PDF တပ် ရင်း ၁၆၊ Salingyi Revolution Eagles နှင့် မဟာမိတ်တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

တောပုကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ၄၀ မမ များ၊ ဗုံးသီးများ၊ လက်နက်ငဘ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ – အကြမ်းဖက်စစ်သားများနှင့် လက်ပါးစေ ပျူစောထီးများ (ပုံအဟောင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article