ရန်ကုန်၊ အောက်တိုဘာ ၁၃
မကွေးတိုင်း ပေါက်မြို့နယ် ကျားပစ်ကန်ရွာ အနီးရှိ စစ်ရှောင်တဲများကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်သည် ကျားပစ်ကန်ရွာအနီး ရှားတောအတွင်းရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သည့် တဲများကို ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
” ကျားပစ်ကန်ရွာ အနောက်ဘက် ရှားတောထဲက စစ်ဘေးရှောင် ပြည်သူတွေ နေထိုင်တဲ့ တဲတွေကို စစ်ခွေးတွေက ဒီနေ့ ညနေပိုင်းမှာ မီးရှို့နေပါတယ်။ ပြည်သူတွေ ဖမ်းဆီး ခံရလားဆိုတာတော့ မသိရသေးဘူး။ ခွေးတွေရှိနေတော့ အနားကပ်မရဘူး။ ထိခိုက်မှု အခြေအနေတွေလည်း အတည်မပြုနိုင်သေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ပေါက်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းမှုများ ဆက်တိုက်ပြုလုပ်နေသည့်အတွက် ပြည်သူများ အနေဖြင့် သတိထား သွားလာကျရန် ပေါက်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။