25 C
Yangon

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေသည့် CDM လှုပ်ရှားမှုများနှင့်ပတ်သက်၍ သုတေသနစစ်တမ်းတွင် ပါဝင်ရန် ဖိတ်ခေါ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၃

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေသည့် CDM လှုပ်ရှားမှုများနှင့်ပတ် သက်၍ သုတေသနစစ်တမ်းတွင် ပါဝင်ကြရန် သုတေသနကို ဆောင်ရွက်နေသော ဉာဏ်လင်းသစ်သုတေသနအဖွဲ့အစည်းက ဖိတ်ခေါ်သည်။

ယခု နွေဦးတော်လှန်ရေးကာလ အာဏာဖီဆန်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ခြင်း၊ မပါဝင်ခြင်း၊ တော်လှန်ရေးတွင် တက်ကြွစွာပါဝင်မှုများကို တိုင်းတာနှိုင်းယှဥ်ရန်၊ လူထုကြားတွင် အမုန်းတရားများ၊ ပြစ်တင်ပြောဆိုမှုများ ဖြစ်ပေါ်မှုများကို တိုင်းတာရန် အတွက် အဆိုပါ သုတေသနကို ဆောင်ရွက်ဖြစ်ပြီး တော်လှန်ရေးအလွန်ကာလ အကြမ်းမဖက်အာဏာဖီဆန်ရေးတွင် ပါ၀င်သူများနှင့် မပါ၀င်သူများအကြား အမုန်းတရားနှင့် ပြစ်တင်ပြောဆိုမှုများ လျော့ပါးစေရန်နှင့် ဖြစ်ပေါ်လာနိုင်တဲ့ လူထုအကြားတင်းမာမှုများကို လျှော့ချနိုင်ရန် အဆိုပါ သုတေသနကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

သုတေသနဖြေကြားပေးမည့်သူများအနေဖြင့် မဖြေကြားလိုသည့် မေးခွန်းတွေကို ချန်လှပ်ထားနိုင်ကြောင်း၊ ဖြေကြားထားသည့် အချက်အလက်များအားလုံးကို သုတေသနစာတမ်းအတွက်သာ အသုံးပြုမှာဖြစ်ပြီး အခြား မည်သည့်နေရာ/ လူပုဂ္ဂိုလ်နှင့်မှ မျှဝေမည်မဟုတ်ကြောင်း အဆိုပါအဖွဲ့ကဆိုသည်။

သုတေသနစစ်တမ်းတွင် ဖြေဆိုလိုသူများအနေဖြင့် –

အာဏာဖီဆန်ရေးအတွက် လုပ်ငန်းခွင်စွန့်ခွာခဲ့သူများ ဖြေဆိုရန် – https://forms.gle/NSCaTv5g1to9iScv6 ၊

နွေဦးတော်လှန်ရေးကာလတွင် လုပ်ငန်းခွင်မစွန့်ခွာသူများဖြေဆိုရန် – https://forms.gle/ehZPz9y5kMq4Y6aM7 တို့တွင် ဖြေဆိုနိုင်ပြီး

သုတေသနအကြောင်းအရာနှင့်ပတ်သတ်ပြီး မေးမြန်းလိုပါက [email protected] သို့ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- AFP ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article