28 C
Yangon

မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံပိုင် Sky One ထံသို့ ဆောက်လုပ်ခွင့် ချပေးသည့် ပြင်ဦးလွင် စစ်တပ် ကင်ဆာ ကုဆေးရုံကို သွားစစ်ဆေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၃

အကြမ်းဖက် ဖက်ဆစ်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံ၏ Sky One ဆောက်လုပ်ရေးကုမ္ပဏီထံသို့ ဆောက်လုပ်ခွင့် ချထားပေးသည့် ပြင်ဦးလွင် အမှတ် ၁ စစ်တပ်ကင်ဆာကုဆေးရုံဆောက်လုပ်ရေး လုပ် ငန်း ခွင်ထံသို့ ယနေ့ သွားရောက်စစ်ဆေးကြောင်း စစ်တပ် သတင်းဌာနများက သတင်းဖော်ပြသည်။

“သူ ပြင်ဦးလွင်ကို လာဖို့ လုပ်တဲ့အထဲမှာ သူ့သားဆောက်နေတဲ့ ဆေးရုံကို လာကြည့်ဖို့က နဂိုကတည်းက အစီအစဉ်မှာပါတယ်။ စက်တင်ဘာ ၂၆ ရက်နေ့ ပြင်ဦးလွင် ခရီးစဉ် ရွှေ့တုန်းကလည်း ခရီးစဉ် စကယ်ဂျူးထဲမှာ ကင်ဆာဆေးရုံ စစ်ဆေးရေးဆိုတာပါတယ်။ ဒါပေမယ့် သူလာတဲ့အချိန်မှာတော့ သူ့သားရော မောင်မောင်နိုင်ရော မတွေ့ဘူး။ ဆောက်နေတာကတော့ Sky One က ဆောက် နေတာ” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

အကြမ်းဖက် မင်းအောင်လှိုင်သည် သားဖြစ်သူ အောင်ပြည့်စုံ၏ Sky One ဆောက်လုပ်ရေးကုမ္ပဏီကို ရန်ကုန်ရှိ အမှတ် ၁ စစ်ဆေးရုံ အထူးကုစင်တာ၊ ပြင်ဦးလွင် ကုတင် ၇၀၀ ကင်ဆာကုဆေးရုံ အပါအဝင် စစ်တပ်နှင့်သက်ဆိုင်သော ဆောက်လုပ်ရေး လုပ်ငန်းများအားလုံး ဆက်တိုက် ချထားပေးလျက်ရှိကြောင်း၊ ဒလရှိ တော်ပီဒို စက်ရုံကိုလည်း အောင်ပြည့်စုံပင် ဆောက်လုပ်ခွင့်ရရှိခဲ့ကြောင်း သိရှိရသည်။

အောင်ပြည့်စုံသည် ဘုန်းမြတ်ပြည့်စုံ ၊ Sky One ၊ Myanmar Sit Thu Gyi၊ မင်းတရားကြီး၊ Winning Sky၊ True Golf Aung Myint Mo Min Insurance Company ၊ MyTel Telecom ရှယ်ယာရှင်၊ Azura Beach Resort၊ A & M Mahar Company Limited ၊ Nyein Chan Pyae Sone Manufacturing & Trading Company Limited စသည့် ကုမ္ပဏီများစွာကို နာမည်မျိုးစုံဖြင့် လုပ်ကိုင်နေသူလည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article