ရန်ကုန်၊ အောက်တိုဘာ ၁၄
အမျိုးသားညီညွတ်ရေးအစိုးရNUG က စစ်အာဏာရှင်တော်လှန်ရေးကာလကို ၁ နှစ်သတ်မှတ်ပြီး ၂၀၂၃ ရွေး ကောက်ပွဲ ကို မပျက်ပျက်အောင် ဖျက်ရန် ရှိနေကြောင်း တရားဝင် ထုတ်ပြန်ကြေညာလိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင် စီ က စစ်တပ်၊ ရဲနှင့် ဝန်ထမ်းများ အားလုံး တာဝန်မှ အပ ခရီးမသွားရန် အရေးပေါ် အမိန့်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။
အောက်တိုဘာလ ၁၃ ရက်နေ့တွင် အဆိုပါ အရေးပေါ် အမိန့်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ယင်းအမိန့် ပေါက်ကြားမည်စိုးရိမ်၍ ဖုန်းဖြင့် သက်ဆိုင်ရာ ပြည် နယ်/တိုင်း စစ်ကောင်စီများ၊ ဝန်ကြီး ဌာနများကို ညွှန်ကြားခြင်းဖြစ် ကြောင်း၊ အဆိုပါ ညွှန်ကြားချက်သည် ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ အမိန့်ဖြင့် ထွက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။
သို့ရာတွင် စစ်ကောင်စီက ဖုန်းဖြင့် ညွှန်ကြားမှုပေးသော အသံဖိုင်များကို ရန်ကုန် ခေတ်သစ်က ဆက် တိုက်ဆိုသလို လက်ခံရရှိခဲ့သည်။
စစ်ကောင်စီက ဖုန်းဖြင့် ညွှန်ကြားသော ခိုင်းစေချက်မှာ-
၁-စစ်ကောင်စီလက်အောက်ရှိ ဝန်ထမ်းများအားလုံး တာဝန်ဖြင့် မဖြစ်မနေ ခရီးသွားရမည်ဆိုပါက ယူနီဖောင်းဖြင့် တရားဝင် သွားသော ခရီးများတွင် စစ်တပ်၊ ရဲ အစောင့်အရှောက်များကို မဖြစ်မနေ တောင်းခံပြီးမှသာ ခရီးသွားလာရန်။
၂-လူမှုရေးဆိုင်ရာ ကိစ္စရပ်များကြောင့် မဖြစ်မနေ သွားရမည့် ခရီးများတွင် ပြင်ပ အဝတ်အစား ဝတ် ဆင်ရန်၊ ဝန်ထမ်းကတ်များ၊ ဝန်ထမ်းဖြစ်ကြောင်း သိရှိနိုင်သည့် မည်သည့်အထောက်အထားမှ ယူ ဆောင်ခြင်းမပြုရန်၊ ဖုန်းများအတွင်းတွင် ဝန်ထမ်းဖြစ်ကြောင်း သက်သေခံနိုင်သည့် ဓာတ်ပုံနှင့် မှတ် တမ်းမှတ်ရာများ ထည့်သွင်းထားခြင်းမပြုရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်းလွှတ်တော်အဆောက် အအုံတွင် စစ်ကောင်စီ၏ အရေးပေါ် အမိန့်ညွှန် ကြားချက်ကို မန္တလေးတိုင်းစစ်ကောင်စီလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးကျော်ကျော်မင်းက ထပ်ဆင့် ရှင်းလင်းပွဲ ချက်ချင်း ခေါ်ယူခဲ့ကြောင်း၊ မန္တ လေး တစ်တိုင်းလုံးရှိ ဝန်ထမ်းများအားလုံး ခရီးမထွက်ရအမိန့် ထုတ်ပြန်လိုက် ကြောင်း၊ ဝန်ထမ်းများအားလုံး နေထိုင်စားသောက်မှုအားလုံး သတိရှိကြရန်နှင့် လုံခြုံရေးသတိ အမြဲရှိကြရန် ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။
အမျိုးသားညီညွတ်ရေး NUG အစိုးရက တော်လှန်ရေးကာလကို ၁ နှစ်သတ် မှတ်လိုက်ပြီး ၂၀၂၃ ခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်ဆီးရမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာထား ပြီဖြစ်သည်။
ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်နှင့် ဖက်ဆစ် ဗိုလ်ချုပ်များ။