26 C
Yangon

Breaking News- တောင်ဒဂုံ ယောက်ကော်ပန်းခြံရှေ့တွင် စစ်ကား ဗုံးခွဲခံရပြီး ကားခေါင်းခန်း မီးခိုး အူထွက်ကာ စစ်သားတချို့ ထိခိုက်မှုများရှိ၊ တိုက်ခိုက်မှုကို Giant Guard Underground အဖွဲ့က လုပ်ဆောင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၄

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ ယောက်ကော် ပန်းခြံရှေ့တွင် ယနေ့ နံနက် ပိုင်း စစ်ကား ဗုံးခွဲခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ယနေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန် တောင်ဒဂုံပန်းခြံရှေ့သို့ အကြမ်းဖက်စစ်ကောင်စီ၏ လုံခြုံရေး လှည့်ကင်းကား အသေး ရောက်ရှိလာစဉ် ဗုံးခွဲခံရခြင်းဖြစ်ကြောင်း၊ ဗုံးခွဲမှုကြောင့် ကားပေါ်ရှိ စစ်ကောင်စီတပ်သားတချို့ထိခိုက်မှုရှိ ကြောင်း၊ ကားပေါ်မှ စစ်သားများ ဆင်းလာပြီး အနီးအနားရှိ ပြည်သူများကို ဖမ်းဆီးရန် ဆင်းလာသဖြင့် ပြည်သူများ ထွက်ပြေးကြကြောင်း သိရှိရသည်။

“ဒီနေ့ မနက် ၇နာရီ၂၀မိနစ် မှာ တောင်ဒဂုံ ပန်းခြံရှေ့မှာ စစ်ခွေးကား ဗုံးခွဲခံရပါတယ်။ ဗုံးပေါက်ပြီးပြီးချင်း စစ်ခွေး ကားနောက်ခန်းက မသေဘဲကျန်တဲ့ ခွေးတွေ ဆင်းလာတာနဲ့ မှတ်တိုင်ကလူတွေ ထွက်ပြေးကြပါတယ်။ ကားနောက်ခန်းကခွေးတွေ ဆင်းလာတာနဲ့ ပြေးကြရတာ။ ခွေးကား ခေါင်းခန်းတော့ မီးခိုးတွေ ထွက်နေတာတွေ့တယ်။ဗုံး ပေါက် တာက ခွေးကားရောက်တဲ့ အချိန် ကွက် တိပဲ။ နောက်ခန်းက ခွေးတ​ကောင်ပဲ အောက်ရောက်သေးတယ်” ဟု မျက် မြင်ဒေသခံပြည်သူတစ်ဦးက ပြောသည်။

တောင်ဒဂုံဒေသခံတစ်ဦးကလည်း ယနေ့ နံနက်ပိုင်း စစ်သားများနှင့် အရပ်ဝတ်များ ခြေရှုပ်နေကြောင်း ပြောဆိုသည်။

“ဝောာင်ဒဂုံ ထွေ အုပ်ရုံး အကျော်မှာ စခ အနည်းငယ်၊အရပ်ဝတ် အများ အပြားနဲ့ အသွင်ယူနေတယ်။ ဆိုင်ကယ် ကယ်ရီသမား အယောင်ဆောင်ပြီး ဓားတွေပါတယ်။ ကွမ်းယာ ဆိုင်တွေမှာ ထိုင်နေကြတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တောင်ဒဂုံပန်းခြံရှေ့ စစ်ကား ဗုံးဖောက်ခွဲခံရမှု ရန်ကုန်မြို့ပြပျောက်ကျားတပ်ဖွဲ့တစ်ခု၏ စစ်ဆင်ရေးဖြစ်ပြီး Giant Guard Underground အဖွဲ့က တိုက်ခိုက် ခြင်းဖြစ်ကြောင်း၊ တောင်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်း ယောက်ကော်ပန်းခြံအနီး ဆောက်လက်စ အဆောက်အဦးတွင် ကင်းလာချသော စစ်သားများ ကားပေါ်မှဆင်းချိန် အဝေးထိန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- ရန်ကုန်တွင်ကင်းလှည့်နေသည့် စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်သည်)

Photo- AFP။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article