21 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁၄ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ၇၇ ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ နောက်ဆက်တွဲ အစည်းအဝေး ၁၁ ခုကို တက်ရောက် ခဲ့ပြီး ၊ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီကို အရေးယူဖို့ နိုင်ငံတကာ နဲ့ ကုလသမဂ္ဂကို တိုက်တွန်း နေတယ်လို့လည်း သိရပါတယ်။ – မကွေးတိုင်း ၊ ရေစကြိုမြို့နယ်မှာရှိတဲ့ ဇီးတောရွာကို အောက်တိုဘာလ ၁၃ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်ကနေ မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် နေအိမ် ၁၁ လုံးပြာကျခဲ့တဲ့အပြင် ဆိတ်ကောင်ရေ ၃၀ ကိုပါ မီးရှို့သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ – ရန်ကုန်တိုင်း၊ ကော့မှူး နဲ့ စစ်ကိုင်းတိုင်း၊ ဘုတလင် တို့မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူ ၃ ဦးကို အကြောင်းမဲ့ သတ်ဖြတ်လိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေး ပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article