ရန်ကုန်၊ အောက်တိုဘာ ၁၄
မွန်ပြည်နယ်၊ ဘီးလင်းမြို့အနီးတွင် အိမ်စီးကားတစ်စီး မိုင်းဆွဲခံရပြီး ယာဉ် မောင်း သေဆုံးကာ စစ်ကားပေါ်တွင် စစ်ဗိုလ်လင်မယားလိုက်ပါလာကြောင်း သတင်းထွက်ပေါ်နေသော်လည်း ဒေသကာကွယ်ရေးတပ်များထံမှ အတည်ချက် မရရှိသေးပေ။
အောက်တိုဘာလ ၁၃ ရက်နေ့ ညပိုင်းတွင် မြ၀တီမှ ဘီးလင်းသို့ မောင်းနှင်လာသော အဆိုပါအိမ်စီးကားကို မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ယင်းကားကို ယာဉ်မောင်း ကျော်စွာဆိုသူက မောင်းနှင်ကြောင်း၊ မိုင်းဆွဲမှုကြောင့် ယာဉ် မောင်း ကျော်စွာ သေဆုံးပြီး ကားပေါ်ပါ စစ်ဗိုလ်လင်မယားလည်း ဒဏ်ရာ အပြင်း အထန်ရပြီး ဆေးရုံတင်ထားရကြောင်း သတင်းရင်းမြစ်တစ်ခုက ပြော သည်။
“စစ်တပ်က ဗိုလ်ကြီးလင်မယား ကို ဘီလင်း ခေါ်လာတဲ့ကား မိုင်းဆွဲခံရတာမှာ ယာဥ်မောင်းက ပွဲချင်ပြီးသေဆုံးတယ်။ စစ်ခွေးလင်မယားက ဆေးရုံရောက်တယ်လို့ သိရပါတယ်။ ယာဉ်မောင်းက ဒလန်သတင်းပေးလုပ်တယ်။ သူ့အ ကြောင်းကို သိပါတယ်။ စစ်ခွေးလင်မယားကို ခေါ်လာပေးလို့ သတင်းအရမိုင်း ဆွဲခံရတာ။ စစ်ဗိုလ်လင်မယားကိုခေါ်လာပေးတာ။ အဲဒီကားနဲ့ စစ်ဗိုလ် လင် မယားပါလာလို့ သတင်းရပြီး မိုင်းအဆွဲခံရတယ်လို့ ပြောရမလားပဲ” ဟု သတင်းရင်းမြစ်က ပြောသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ဘီးလင်းအနီးတွင် ကားတစ်စီး မိုင်းဆွဲခံရမှုနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ မိုင်းဆွဲခံရမှု ဖြစ်စဉ်မှန်ကန်သော်လည်း ကားပေါ်တွင် ပါသူများနှင့် ပတ်သက်ပြီး အသေးစိတ်မသိရှိသေးဟုဆိုသည်။
“ကားမိုင်းဆွဲခံရတာတော့ ဟုတ်တယ်။ မနေ့ည ၈ နာရီလောက်မှာ မိုင်းထိတာ။ မိုင်းဆွဲခံရပြီးတော့ ခွေးတွေဘက်က လက်နက်ကြီးတွေနဲ့ပစ်တယ်။ ညက ။ ကားပေါ်ပါတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့သေချာမသိဘူး။ တပ်ရင်း ၃ ဘက်ကလည်း အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မေးတယ်။ ကားနဲ့ပတ်သက်လို့ အသေးစိတ်မသိဘူး။ ဒီဘက်ကလူလား၊ ဟိုဘက်ကလူလား၊ ဘယ်အဖွဲ့က လုပ်တာလဲဆိုတာလည်း မသိဘူး။ အဲဒီတော့ ကားပေါ်ပါတဲ့သူတွေနဲ့ပတ်သက်ပြီး ဘာမှ အတိအကျမသိရသေးဘူး” ဟု သထုံပကဖမှ တာဝန်ရှိသူက ရှင်းပြသည်။