24 C
Yangon

မုံရွာ ရဲတပ်ရင်း ၂၈ မှ ရဲတပ်သားအောင်ကိုကိုနှင့် ရဲတပ်သား မိုးလင်းအောင် လက်နက်အပြည့်အစုံဖြင့် CDM ဝင်လာသဖြင့် ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်၊ စစ် တပ်က နေအိမ်ကို မီးရှို့၍ ရဲတပ်သား‌ အောင်ကိုကို၏ မိဘများ နေစရာမရှိတော့

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ရဲတပ်ရင်း ၂၈ မှ ရဲတပ်သားအောင်ကိုကိုနှင့် ရဲတပ်သား မိုးလင်းအောင် လက်နက်အပြည့်အစုံဖြင့် CDM ဝင်လာသဖြင့် ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (PDA ) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၈ ရက်နေ့တွင် မုံရွာမြို့နယ်၊ ရဲတပ်ရင်း(၂၈)မှ ရဲတပ်သား အောင်ကိုကို နှင့် ရဲတပ်သား မိုးလင်းအောင် တို့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (PDA ) နှင့် ချိတ်ဆက်၍ လက်နက်အပြည့် စုံဖြင့် CDM ပြုလုပ်၍ ပြည်သူ့ရင်ခွင် သို့ ခိုလှုံခဲ့ကြောင်း သိရှိရသည်။

CDM ရဲတပ်သား အောင်ကိုကိုက ” ကျနော်တို့မိသားစုနေအိမ်တွေကို စစ်တပ်က မီးရှို့လိုက်လို့ ကျနော်တို့ မိဘတွေမှာ နေစရာ မရှိတော့ဘူး။ ကျနော်လည်း ထွက်ပြေးချင်နေတာလည်း ကြာပြီ။ သေနတ်ရော ကျည်ရော ရသလောက် ယူပြေးချင်နေတဲ့ အတွက် နောက်ကျသွားတာ ဖြစ်ပါတယ်။ ထွက်ပြေး ဖို ကြံနေတဲ့ သူတွေ ရှိပါတယ်” ဟု ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (PDA )မှ တာဝန်ရှိသူကမူ ရဲတပ်သား ၂ ဦးကို ၁ ဦးလျှင် သိန်း ၅၀ ကျပ်နှုန်းဖြင့် ၂ ဦးအတွက် သိန်း ၁၀၀ ချီးမြှင့်ထားကြောင်း၊ နောက်ထပ် CDM ဝင်မည့် ရဲနှင့်စစ်သားများကိုလည်း ကြိုဆိုကြောင်း ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article