21 C
Yangon

ဇိမ်ရှိရှိ ရထားစီးဖို့ ကြံတဲ့ မင်းအောင်လှိုင် သူ့ရထားတွဲ အတွင်းပိုင်း ဓာတ်ပုံတွေ ခေတ်သစ်က ဖော်ပြလိုက်လို့ မီးရထား အရာရှိနဲ့ ဝန်ထမ်း အများအပြား ကို ဖမ်းဆီး စစ်ကြောခိုင်း ၊ ဓာတ်ပုံရိုက်တဲ့ ဖုန်းက တရုတ်ဖုန်းဟုဆိုကာ တရုတ်ဖုန်းကိုင်သူ မီးရထားဝန်ထမ်းတိုင်း ဖမ်းဆီးစစ်ကြောခံနေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၄

အကြမ်းဖက် မင်းအောင်လှိုင်က သူနှင့်သူ့မိသားစု စီးနင်းရန် တည်ဆောက်ထားသည့် အထူးရထားတွဲဆိုင်း ဓာတ်ပုံများ ခေတ်သစ်သတင်းဌာနထံ ပေါက်ကြားမှုကြောင့် မီးရထားဌာန အရာရှိနှင့် ဝန်ထမ်းများကို ဖမ်းဆီး စစ်ကြောခိုင်းနေကြောင်း မီးရထားသတင်းရင်းမြစ်ထံမှ သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက အောက်တိုဘာ ၁၃ ရက်နေ့တွင် မင်းအောင် လှိုင်နှင့်မိသားစု စီးနင်းမည့် အထူးရထားတွဲဆိုင်း သတင်းကို ဖော်ပြပြီးနောက် ယမန်နေ့ညပိုင်းတွင် မီးရထားအရာရှိနှင့်ဝန်ထမ်းများ အဖမ်းခံရခြင်းဖြစ် ကြောင်း ၊ ဓာတ်ပုံရိုက်ကူးသည့် ဖုန်းသည့် တရုတ် Vivo ဖုန်းအမျိုးအစားဖြစ်သည်ဟုဆိုကာ တရုတ်ဖုန်းကိုင်သူ ဝန်ထမ်းအများအပြား အဖမ်းခံထားရကြောင်း မီးရထားသတင်းရင်းမြစ်က ပြောသည်။

“တပ်ချုပ်ရဲ့ ပြင်ဦးလွင် ရထားခရီးစဥ်နဲ့ ရထားတွဲဆိုင်း သတင်းပေါက်ကြားလာမှုနဲ့ ရထား အတွင်းပိုင်းပြင်ဆင်မှု ဓါတ်ပုံများ ပေါက်ကြားလာမှုရဲ့နောက် ဆက်တွဲ ဂယက်က ရထားတွဲ တာဝန်ကျ ဝန်ထမ်းတွေအားလုံး အရာရှိတွေ၊ ဝန်ထမ်းတွေ အားလုံး အဖမ်းခံထားရပါတယ်။ မြစ်ငယ်ရထားစက်ခေါင်းစက်ရုံ အတွင်းမှာ ထိန်းသိမ်းထားပြီး ဖုန်းများကို စစ်ဆေးနေပါတယ်။ ပျဥ်းမနား စက်ခေါင်းပြင်စက်ရုံအတွင်းကိုလည်း ယူနီဖောင်းဝတ်၊ အရပ်ဝတ်တွေဝင်လာပြီး စက်ရုံ ဝန်ထမ်းများနဲ့ အထက်အရာရှိများကိုပါစစ်ဆေးနေပါတယ်။ ပျဥ်းမနားစက်ခေါင်းပြင်စက်ရုံမှ ငယ်သား ဝန်ထမ်းသုံးဦးကို အရပ်ဝတ် စစ်သားတွေက အိမ်စီးကားတွေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဘယ်နေရာ ခေါ်သွားလဲမသိရပါဘူး။ အကုန် စစ်ကြောရေးလုပ်ခံနေရပါတယ်” ဟု မီးရထား သတင်းရင်းမြစ်က ပြောသည်။

မင်းအောင်လှိုင်က ပြင်ဦးလွင်ရထားခရီးစဉ်ပေါက်ကြားမှုကြောင့် ပြင်ဦးလွင်-လားရှိုး ရထားလမ်းတစ်လျှောက် စစ်သားများ ပိုမိုချထားပြီး မိုင်းထောင်မည်ကို အထူးစိုးရိမ်နေကြောင်း၊ ရထားခရီးစဉ် ရွှေ့ဆိုင်းဖွယ်ရှိလာနိုင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မင်းအောင်လှိုင်နှင့်သူ့မိသားစု စီးနင်းရန် အထူးတည်ဆောက်ထားသော ရထားတွဲဆိုင်းဓာတ်ပုံများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article