ရန်ကုန်၊ အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်း မုံရွာမြို့တွင် မိုးကာ အစိမ်းအုပ်၍ ရပ်တန့်ထားသော စစ်ကားတစ်စီး လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကြောင်း MRDA တပ်ဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်မှ စစ်ကား တစ်စီးသည် မုံရွာမြို့ ဘိုးဘွားရိပ်သာအနီးတွင် ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၄၁ မိနစ်ခန့်၌ ရပ်တန့်ထားစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို MRDA တပ်ရင်း ၆ တပ်ခွဲ ၁ Monywa၊ နွေဦးသစ္စာပြောက်ကျား တပ်ဖွဲ့၊ Nation People Defence၊ Monywa Generation အဖွဲ့တို့က ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း MRDA တပ်ဖွဲ့က ထုတ်ပြန်ထားသည်။