ရန်ကုန်၊ အောက်တိုဘာ ၁၄
မကွေးတိုင်း၊ မကွေးမြို့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးထဲ့သို့ ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့ ည ၈ နာရီအချိန် သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူး စိန်ဝင်း ပွဲချင်းပြီး သေဆုံးကြောင်း ရန်ကုန်ခတ်သစ်၏ သတင်းရင်းမြစ်များထံမှ သိရှိရသည်။
အောက်တိုဘာလ ၁၄ ရက်နေ့ ည ၈ နာရီအချိန် မကွေးတိုင်းယာဉ်ထိန်းရုံးထဲသို့ သေနတ်သမား ၂ ဦးက လာရောက် ပစ်ခတ်သွားခြင်းဖြစ်ပြီး ၄ ချက်တိတိပစ် ခတ်ကြောင်း၊ ပစ်ခတ်မှုကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူး စိန်ဝင်းသည် ဦးခေါင်း၊ ရင်ဘတ်နှင့်ဝမ်းဗိုက်တို့တွင် ဒဏ်ရာများရရှိပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
“ယာဉ်ထိန်းရုံးဝင်းထဲဝင်ပြီး ပစ်သွားတယ်။ အကြီးဆုံးဘဲဥ ကွဲသွားတယ်။ ပွဲချင်း ပြီးပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- မကွေးတိုင်းရဲတပ်ဖွဲ့မှူးရုံးဓာတ်ပုံ။ (ပုံအဟောင်းဖြစ်သည် )