ရန်ကုန်၊ အောက်တိုဘာ ၁၄
မကွေးတိုင်း မြိုင်မြို့နယ် ဝက်ပုတ်ရွာတွင် တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး စစ်သား ၈ ဦးသေဆုံးကြောင်း ဝံပုလွေပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ ထိတွေ့တိုက်ပွဲသည် အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ၂ နာရီ ကျော်ကြာမြင့်ခဲ့ကာ ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီးအချက်ရေ များစွာပစ်ခတ်ခဲ့ပြီး စစ်သားနှင့် ပျူစောထီးအဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)နှင့်အတူ R.D.F၊ M.U.G.D.F၊ အနောက်လွင်ပြင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့ အားမာန် ကာ ကွယ်ရေးတပ်ဖွဲ့၊ မုန်းတိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ ကိုအောင်ကြီး တပ်ဖွဲ့၊ မြိုင် PDF(ပကဖ) တပ်ရင်း ( ၁ ) တပ်ခွဲ ( ၁ )၊ မြိုင် PDF (ပကဖ) တပ် ရင်း ( ၁ ) တပ်ခွဲ ( ၂ )၊ ဇာမဏီ ပြောက်ကျား တပ်ဖွဲ့၊ ဘာမထီ ပြောက် ကျား တပ်ဖွဲ့၊ ဇောင်းထက် ပြောက်ကျား တပ်ဖွဲ့၊ Hero G.Z၊ Mying Warriors၊ မဟူရာ အလင်းတန်း၊ နံသာမြိုင်၊ တမာမြေ၊ King Fither၊ Bermuda နှင့် Block Cobra ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များမှ တိုက် ခိုက် ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း ခင်ဦးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်၊ မြို့နယ်မှူးရုံးနှင့် ကင်းပုန်းများ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရကြောင်း သိရသည်။
ခင်ဦးမြို့ ပေါ်တွင် ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိ နစ်တွင် ဒေသခံ ကာကွယ်ရေး မဟာမိတ် ဒရုန်းအဖွဲ့ ၈ ဖွဲ့က တိုက်ခိုက်ရေး ဒရုန်း ၃ စီးဖြင့် ဗုံးသီး(အီနာဂါ) ၆လုံးဖြင့် မြို့ထိပ်မူးဘောင်ရှိ အကြမ်းဖက် စစ် တပ် စစ်ဆေးရေးဂိတ်၊ မြို့နယ်မှူးရုံးနှင့် မြို့လယ် ဗိုလ်ချုပ်ကြေးရုပ် အနီးရှိ စစ် တပ် ကင်းပုန်းတို့ကို တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကို အတည် မပြုနိုင်သေးကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုကို ဒေသ ကာကွယ်ရေး ဒုန်းအဖွဲ့များ ဖြစ်သော Burmese Revolution Youths အဖွဲ့၊ ငှက်ကြီးတောင်၊ Royal tiger၊ Tiger၊ လျှပ်စီးမိုးကြိုး၊ နာရပတေ့(NYPT)၊ တပ်ရင်း (၂၂)နှင့် နွေဦးလင်းယုန် အဖွဲ့တို့က တိုက် ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် နှင်းကြီးရွာတွင် တပ်စွဲထားသော အ ကြမ်း ဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
နှင်းကြီးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ယနေ့ အောက် တိုဘာလ ၁၄ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်တွင် Chindwin Rangers၊ ဒေသခံ ပကဖ များနှင့် FR အဖွဲ့တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၂ နာရီကျော်ကြာ တိုက် ပွဲဖြစ်ပွားကာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“မင်းကင်းမြစ်ရိုး အောက်မှာရှိတဲ့ နှင်းကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။ Chindwin Rangers ၊ ဒေ သခံ ပကဖ များ ၊ FR အဖွဲ့ နဲ့ အတူ တိုက်ပွဲဝင်ခဲ့ကြပြီး ညနေ ၃နာရီခွဲကနေ ညနေ ၆နာရီ အထိ ၂နာရီခွဲအကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု ၁ ဦးရှိတယ်လို့ သိရတယ်။ မဟာမိတ်တပ်တွေက အထိ အခိုက်မရှိဘူး။ စစ်ကောင်စီတပ်တွေက လက်ချိတ်ရွာဘက်ကို ပြန်ဆုတ် သွားတယ်” ဟု Chindwin Rangers အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
