33 C
Yangon

ကယားပြည်နယ် စသုံးလုံး ဒုတိယစုံစမ်းစစ်ဆေးရေးမှူး မင်းသီဟဇော် ခွင့်ဖြင့် နေရပ်ပြန်စဉ် ပျောက်ဆုံးသွားပြီး အဖမ်းခံထားရဟု ဌာနက ပြော

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

ကယားပြည်နယ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး)မှ ဒုတိယစုံစမ်းစစ်ဆေးရေးမှူး မင်းသီဟဇော်သည် မိဘနေအိမ်သို့ ခွင့်ပြန်စဉ် ပျောက်ဆုံးသွားကြောင်း စသုံးလုံးသတင်းရပ်ကွက်ထံမှ သိရှိရသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ကယားပြည်နယ် စသုံးလုံးဌာနမှ ဒုတိယစုံစမ်းစစ်ဆေးရေးမှူး မင်းသီဟဇော်သည် ၎င်း၏ မိဘနှစ်ပါး ယာဉ်မတော်တဆမှုဖြစ်၍ ခွင့်ပြန်စဉ် ပျောက်ဆုံးသွားကြောင်း၊ ယင်းနောက် ကယားပြည်နယ်ရှိ ဒေသကာကွယ်ရေးတပ်များ၏ ဖမ်းဆီးမှုကို ခံထားရသည်ဟု သတင်းရရှိကြောင်း စသုံးလုံးသတင်းရပ်ကွက်ကပြောသည်။

“ဒုတိယစုံစမ်းစစ်ရေးမှူးမင်းသီဟဇော်က ခွင့်ပြန်တဲ့အချိန်မှာ ကယားမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။ သူက အပတ်စဥ် ၁၀၁ ဇီးပင်ကြီးသင်တန်းဆင်းတစ်ဦးပါ။ အခု သူ့သတင်း အစအန မရတော့ပါဘူး” ဟု စသုံးလုံးသတင်းရပ်ကွက်က ပြောသည်။

ယခင်နှစ်အတွင်း ကယားပြည်နယ်၊ ဒီးမော့ဆိုရှိ စသုံးလုံးရုံးမှ ဦးစီးအရာရှိတစ်ဦး၊ စုံစမ်းစစ်ဆေးရေးမှူး တစ်ဦးတို့လည်း ပျောက်ဆုံးခဲ့ပြီး သေဆုံးသွားပြီးဟု ယူဆရကြောင်း စသုံးလုံးသတင်းရပ်ကွက်က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article