ရန်ကုန်၊ အောက်တိုဘာ ၁၅
အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် အောက်တိုဘာလ ၁၅ ရက် ယနေ့နံနက်၌ ချီတက်ဆန္ဒပြကြသည်။
၅၈၃ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ‘ကျောင်းသားဟေ့ ကျောင်းသား၊ ဖိရင်ကြွမယ် ထိရင်ချမယ်’ စာသားကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒပြကြသည်။