ရန်ကုန်၊ အောက်တိုဘာ ၁၅
စစ်ကိုင်းတိုင်းအတွင်း S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီ စောင့်ရှောက်မှု အဖွဲ့မှ ကြားကာလ ပညာရေး အစီးအစဥ်ဖြင့် CDM ကျောင်းများ ထပ်မံ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
S&C အဖွဲ့သည် စစ်ဘေးရှောင် ကလေးငယ်များ၏ ပညာရေးကို ကူညီထောက်ပံ့နေသော အဖွဲ့အစည်းဖြစ်ပြီး စစ်ဘေးသင့် ကလေးများ အနာဂတ် ပညာရေး အတွက် ပါ၀င်ကူညီ လိုသူများ အနေဖြင့် S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်မှု အဖွဲ့ pageမှ တိုက်ရိုက်ပါ၀င်ကူညီနိုင်ကြောင်း သိရသည်။