21 C
Yangon

ကြာအင်းဆိပ်ကြီးတွင် နယ်မြေရှင်းလင်းသည့် စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ကြား တိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦး သေဆုံး၊ ခဲယမ်းအချို့ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

ကရင်အမျိုးသားအစည်းအရုံး၊ KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခုတ်ခွားရှေ့တန်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၁၃ ရက်နေ့၌ နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဉ် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၁၃ ရက် နံနက်တွင် အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၁၃ လက်အောက်ခံ၊ ခမရ ၄၃၂ တပ်ရင်းမှ အင်အား ၇၈ ယောက်ခန့်သည် နယ်မြေရှင်းလင်းရေး ပြုလုပ်လာစဉ် KNLA ပူပေါင်းတပ်ဖွဲ့ နဂါးနီစစ်ကြောင်းက လိုက်လံပိတ်ဆို့ တိုက်ခိုက်ရာ မိနစ် ၂၀ နီးပါး ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ထံမှ လက်နက်ကြီးကျည်ဆံအချို့နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပြီး နာရီဝက်ခန့်အကြာတွင် ခုတ်ခွားစစ်တပ်စခန်းမှ ခုတ်ခွားကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူပိုင်နေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက်၍ အများပြည်သူ မွေးမြူထားသော အိမ်မွေးဝက်တစ်ကောင်ကို အဓမ္မ လုယူသွားကြောင်း သိရှိရသည်။

အဆိုပါ ခုတ်ခွားစခန်းသည် လွန်ခဲ့သည့် ဩဂုတ်လအတွင်း၌ KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးပြီး အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်ကာ စခန်းထိုင်နေခြင်းဖြစ်သည်။

တိုက်ပွဲများ နေရာအနှံ့ဖြစ်ပွားနေသော KNU တပ်မဟာ ၆ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲနှင့် ဘုရားသုံးဆူမြို့နယ်ခွဲများတွင် စစ်ကောင်စီက လေကြောင်းမှ ကင်းထောက်ခြင်း၊ တိုက်လေယာဉ်း ပျံဝဲခြင်းများ နေ့စဉ်နီးပါး ပြုလုပ်နေကြောင်းလည်း ဒေသခံများထံမှ သတင်းရရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article