ရန်ကုန်၊ အောက်တိုဘာ ၁၅
ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
“အာဏာရူး လူတစ်စုကို ပုန်ကန်တော်လှန်ရမှာ မြန်မာပြည်သူပြည်သားများရဲ့တာဝန်သာဖြစ်ပါတယ်။ အာဏာရူး မင်းအောင်လှိုင် ထုက်ပြန်ထားတဲ့ အရာအားလုံးကို
ချိုးဖျက်ပစ်ရပါမယ်။ အာဏာရူးတဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါများကို သေဒဏ်ကလွှဲရင် ကျန်တဲ့ပြစ်ဒဏ် မပေးသင့်ပါဘူး။ ထိုအချက်တွေကိုရည်ရွယ်ပြီး “မင်းဆိုးပုန်ကန်စနစ်ဆိုးတော်လှန် အာဏာရူးရင်သေဒဏ်” စာသားကို ကိုင်ဆွဲကာ လူထုသပိတ်ကိုထွက်ရှိခဲ့ပါတယ်” ဟု ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်ကော်မတီမှ ဦးဆောင်သူ တစ်ဦးက ပြောဆိုသည်။
Photos – AungKhantZaw