ရန်ကုန်၊ အောက်တိုဘာ ၁၅
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတားအနီးတွင် ယနေ့ည ၇ နာရီအချိန်တွင် ဗုံးပေါက်ကွဲကြောင်း မြ၀တီမြို့ခံများက ပြောသည်။
“ပေါက်ကွဲသံ ၂ ချက်ကြားရတယ်။ ကားမီးလောင်တာလားတော့မသိဘူး။ မီးတွေပါလောင်နေတယ်။ အသေးစိတ်တော့မသိရသေးဘူး။ အဲဒီနားက ပိတ်ကာထားတဲ့နေရာဆိုတော့ အဝေးကပဲ ကြည့်နေရတယ်” ဟု မြ၀တီဒေသခံတစ်ဦးက ပြောသည်။
မြ၀တီဒေသခံတချို့၏ အဆိုအရ ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုရှိသည်ဆိုသော သတင်းများ မကြားရသေးကြောင်း သိရှိရသည်။