21 C
Yangon

ဝက်လက်၊ ပိတောက်ခြုံရွာကို စစ်တပ်မီးရှို့မှု နေအိမ် ၅ လုံးကျော်ပြာကျ၊ ဆင်းနင်းရွာလည်း မီးရှို့ဖျက်ဆီးခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ပိတောက်ခြုံရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၅ လုံးကျော် ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် ပိတောက်ခြုံရွာကို အောက်တိုဘာလ ၁၄ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ဆင်းနင်းရွာကို ထပ်မံဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပိတောက်ခြုံရွာကို ညနေပိုင်းတွင် ရောက်ရှိလာပြီး တပ်စွဲထားကြောင်း သိရသည်။

” ဝက်လက်မြို့နယ် ပိတောက်ခြုံရွာကို စစ်ခွေးတွေဝင်ရောက် မီးရှို့တာ နေအိမ် ၅ လုံး ကျော်မီးထဲပါသွားတယ်။ ပြည်သူတွေတွေ ထိခိုက်မှု မရှိဘူးလို့ သိရပေမယ့် ပြေးနေရလို့ အတည်မပြုနိုင်သေးဘူး။ အခုတော့ အဲ့ရွာမှာပဲ စစ်ခွေးတွေက တပ်ပြန်စွဲနေတယ်။ ဆင်းနင်းရွာလဲ မီးရှို့ဖျက်ဆီးခံရတယ်။ အိမ်ခြေ အတိအကျတော့ မသိရသေးဘူး” ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article