28 C
Yangon

Must read

ဘားအံခရိုင်ကြံ့ဖွတ်ဥက္ကဋ္ဌ ခွန်အောင်ကျော်မိုး သဂြိုလ်ပြီးစီးသည့်တိုင် စစ်တပ်နှင့်ရဲက စုံစမ်းစစ်ဆေးမှု မလုပ်၍ ကြံ့ဖွတ်ပါတီဝင်တချို့ ဒေါသထွက် ၊ အကြောက် တရားဖြင့် ထိတ်လန့် မလုံမခြုံ နေထိုင်နေရဟုပြော

ရန်ကုန်၊ အောက်တိုဘာ ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခွန်အောင်ကျော်မိုး အောက် တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်း ပစ် ခတ်ခံရ၍ သေဆုံးသွားပြီး ယနေ့ နာရေးသဂြိုလ် ပြီးစီးပြီဖြစ်သော်လည်း စစ်တပ်နှင့်ရဲက တိကျသေချာသော စုံစမ်းစစ် ဆေး မှု မလုပ်ကြောင်း ကြံ့ဖွတ်ပါတီဝင်တချို့က ပြောသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီကျော်အချိန် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာတွင် နေထိုင်သော ခရိုင်ကြံ့ဖွတ်ဥက္ကဋ္ဌ ခွန်အောင်ကျော်မိုးကို သေ နတ်သမားတချို့က လာရောက် ပစ်ခတ်ရာမှ သေ ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ယနေ့ နာရေး သဂြိုလ်ကြောင်း သိရှိရသည်။

“အပစ်ခံရတဲ့နေ့ကတော့ စစ်တပ်ရော ရဲရော လာကြတယ်။ ဒါပေမယ့် အဲဒီနေ့ပဲ လာပြီး ဘာမှ အမှု ကိစ္စ ထပ်ပြီး သေချာ စုံစမ်းတာလည်း ထပ်မလုပ်တော့ဘူး။ လာလည်းမလာတော့ဘူး။ အမှုလည်း ဖွင့်ထားသလား မဖွင့်ထားသလားတောင် မသိဘူး။ မေးကြည့် တော့လည်း ဘာမှ ရေရေရာရာ မပြောနိုင်ဘူး။ အလုပ်များနေလို့ အခြားလုံခြုံရေးကိစ္စတွေက ပိုအရေးကြီးသလို ပြောတယ်။ ပါတီရဲ့ ခရိုင်ဥက္ကဋ္ဌ ပစ်သတ်ခံရတာတောင် အရေးမကြီးသလို လုပ်နေတယ်။ ဘာမှ သေ သေ ချာချာ စုံစမ်း နေတာလည်းမရှိဘူး။ လုံခြုံအောင်လည်း လုပ်မပေးနိုင်ဘူး။ အသတ်ခံရတာလည်း သေချာမစုံစမ်းဘူး။ PDF က ပစ်သလိုလို KNU က ပစ်သလိုလိုလျှောက်ပြောတယ်။ သေချာစုံစမ်းမှု ဘာမှ မလုပ်ဘူး” ဟု ဘားအံ မြို့နယ်မှ ကြံ့ဖွတ်ပါတီဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုသည်။

အခြားကြံ့ဖွတ်ပါတီဝင်ဟောင်း တစ်ဦးကမူ စစ်တပ်နှင့်ရဲက လုံခြုံရေး မပေးနိုင်သည့်အတွက် ပါတီဝင်များအနေဖြင့် မလုံမခြုံ ခံစားရကြောင်း၊ အကြောက်တရား များအောက်တွင် စိုးရိမ်မှုများဖြင့် နေ့စဉ် ဖြတ်သန်းနေထိုင်ရသည်ဟု ရန်ကုန်ခေတ်သစ်၏ လူမှုကွန်ရက်မက်ဆင်ဂျာသို့ ဆက်သွယ်ပြောဆိုသည်။

“ပါတီဝင်ပေမယ့် အခုပါတီကိုလည်း မသွားတော့ဘူး။ ဒါပေမယ့် အရင် ပါတီဝင်မှာ ပါခဲ့တော့ ကိုယ့်မှာ အရာရာ ကြောက်နေရတယ်။ နောက်ကျောမလုံဘူး” ဟု

အသက် ၅၀ အရွယ်ရှိ ခွန်အောင်ကျော်မိုးသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကရင် ပြည်နယ်၊ ပအိုဝ်းတိုင်း ရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ် ပြိုင်အရွေးချယ်ခံခဲ့ပြီး ရှုံးနိမ့်ခဲ့ကြောင်း၊ ၎င်းသည် လှိုင်းဘွဲ့မြို့နယ်၊ ထီလုံဇာတိဖြစ်ကြောင်း၊ အမျိုး သမီးဖြစ်သူမှာ သာမညကျေးရွာမှ ပအိုဝ်းတိုင်းရင်းသူဖြစ်၍ ဇနီးဖြစ်သူဇာတိရွာတွင် လိုက်လံ နေထိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article