21 C
Yangon

တောင်ကိုရီးယားနိုင်ငံတွင် “မသောက်မိသော မိုးခါးရေ” ဇာတ်လမ်း စတင်ပြသနေပြီး လာရောက်ကြည့်ရှု့သူ များပြားသောကြောင့် ၅ ကြိမ်ခွဲ၍ ပြသနေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

တောင်ကိုရီးယားနိုင်ငံတွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသည့် စစ်အာဏာရှင် တော်လှန်ရေး “မသောက်မိသော မိုးခါးရေ” ဇာတ်လမ်းကို စတင်ပြသနေပြီး လာရောက် ကြည့်ရှု့သူ များပြားသောကြောင့် ၅ ကြိမ်ခွဲ၍ ပြသနေရကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား)က အင်ချွန်းမြို့ ဘူဖြောင်းအဝိုင်းအနီး ဒဲဟန်းဂုဂျန်း(대한극장) ရုပ်ရှင်ရုံတွင် အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီ အထိ ပွဲစဉ် ၅ ပွဲ ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

တော်လှန်ရေး ရန်ပုံငွေ ရုပ်ရှင်ကို လာရောက်ကြည့်ရှု့သူ များပြားသော​ပြီး လက်မှတ်၁စောင်ကို ကိုရီးယားဝမ် ၃ သောင်းဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ထိုရုပ်ရှင်ပွဲကို တောင်ကိုရီယား ဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း အပါအဝင် တောင်ကိုရီယား အာဏာပိုင်အဖွဲ့ အစည်းတချို့မှ ပုဂ္ဂိုလ် များလည်း လာရောက်ကြည့်ရှု့ကြောင်း၊ ဒါရိုက်တာကိုပေါက်ရဲ့ အနုပညာလက်ရာမွန်ကို
ရုပ်ရှင်လက်မှတ်ဝယ်ယူအားပေးသူများအတွက် ကံစမ်းမဲများ ဖောက်၍ ဂုဏ်ပြုချီးမြှင့်မှုတွေလည်း ပြုလုပ်သွားကြောင်း၊ ဇာတ်ကားပြသခြင်းမှ ရရှိသည့် ငွေများကို တော်လှန်ရေးအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မသောက်မိသော မိုးခါးရေး ဇာတ်ကားကို တောင်ကိုရီးယား၊ ဩစတြေးလျ၊ဂျပန်၊အမေရိကန်၊ဆွစ်ဇလန်၊ နော်ဝေ၊ ဘယ်လ်ဂျီယံနှင့် ဂျာမဏီတို့တွင် အောက်တိုဘာလအတွင်း ပြသနေခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article