21 C
Yangon

ထားဝယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ပျူစောထီး တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး၊ ဘီးလင်းတွင် စစ်တပ်ယာဥ်တန်း မိုင်းဆွဲ ခံရပြီး ၁၀ ဦးခန့်သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ ပစ်ခတ် တိုက်ခံရပြီး စစ်သား ၅ ဦးသေဆုံးကြောင်း နယ်မြေခံ သတင်းရင်းမြစ်များ ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ခြေလျင် စစ်ကြောင်းကို ၈ မိုင်နှင့် ဥယျာဥ်ကြီးရွာ အကြားရှိ တံတားအငယ်ပေါ်၌ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၄ နာရီ ၁၀ မိနစ်ခန့်တွင် ထားဝယ်မြို့နယ် (ပကဖ) DDT တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းကြောင်း၊ ၁၅ မိနစ်ခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသော စစ်သားများကို ၈ မိုင် ဂိတ်သို့ ပြန်လည်း သယ်ယူသွားပြီးကျန်ရှိနေသော စစ်သားများက ရွာသားတချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်း ထိုးဝင်လာခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ ရဲဘော်များက ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ပြီး ၆၀ မမ လက်နက်ကြီး ၂ လုံး၊ M-16 ကျည် ၇၄ ထောင့်နှင့် ကျည်ဆံခွံများစွာ သိမ်းဆည်း ရမိလာကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် လက်နက်ကိုင် ပျူစောထီး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း LLPDF တပ်ဖွဲ့ထံမှ သိရသည်။

လက်နက်ကိုင် ပျူစောထီး ထွန်းနိုင်ကို ကထောင်းနီရွာလမ်း၌ အောက်တိုဘာလ ၁၅ ရက် ညနေ ၅ နာရီကျော်ခန့်တွင် လောင်းလုံး ပြည်သူ့ကာကွယ်ရေး တပ်အဖွဲ့ (LLPDF)က ရွာလမ်းပိုင်း၌ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ထွန်းနိုင်သည် ပျူစောထီး သင်တန်းဆင်း ၁ ဦးဖြစ်ပြီး လက်နက်ကိုင် ဆိုးသွမ်းနေသူဖြစ်ကြောင်း၊ ဒေသခံတို့ကို ခြိမ်းခြောက်လေ့ရှိသူဖြစ်ပြီး ၎င်းထံမှ တူမီးသေနတ် ၁ လက်၊ လက်ရိုက်တုတ် ၁ ချောင်း၊ WY တံဆိပ်ပါ မူးယစ်ဆေးဝါး ၂၄ ပြား၊ ဖုန်း ၂ လုံး၊ ငွေကျပ် ၃ ထောင်ကျပ်ကို LLPDFရဲဘော်တို့
သိမ်းဆည်း ရမိလာခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ် ဘီးလင်းမြို့ ဒေါက်ရပ်ကျေးရွာအနီးတွင် အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲ အချိန်တွင် ကျိုက်ထိုမှ သထုံသို့ မောင်းနှင်လာသည့် ၁၄ စီးပါ စစ်ကောင်စီယာဉ်တန်းကို KLNLA ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၁၀ ဦးထက် မနည်းသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးအောက် အကြမ်းဖက်စစ်ကောင်စီဝင်များသည် အနီးအနားပတ်ဝန်းကျင်သို့ သေနတ်နှင့် ပစ်ဖောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article