21 C
Yangon

“NUG ကသာမြို့နယ်တရားရုံးအနေနဲ့ တရားဥပဒေစိုးမိုးမှုကတော့ မြို့နယ်အတွင်းမှာ ၇၅ ရာခိုင်နှုန်းထိတော့ ရပြီလို့ ပြောလို့တော့ ရပြီ။ အကျဥ်းထောင် ဆောက်လုပ်ရေး ကတော့ အထက်ကနေတော့မှ သူတို့ ညွန်ကြားချက်ပေးတဲ့ အတိုင်းလုပ်ရမှာဆိုတော့ လျာထားချက်ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ လက်တလော စစ်ကြောင်းတွေ ဝင်လာတဲ့ အခါမှာ ပျက်ယွင်းတာရှိပါတယ်”

Must read

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကသာမြို့နယ်တရားရုံး တာဝန်ခံနှင့်ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG မြို့နယ် တရားရုံးကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် တရားဝင် စတင် ဖွင့်လှစ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ကသာမြို့နယ် တရားရုံး၏ တာဝန်ခံတစ်ဦးကို ရန်ကုန်ခေတ်သစ် သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ကသာတရားရုံးက အခု ဘာအမှုတွေကိုင်တွယ်နေလဲ။

ဖြေ။ ။ လက်ရှိကတော့ ပြစ်မှုက ၃ မှုပေါ့လေ။ မူးယစ်ဆေးဝါးမှု ၃ မှု ပြတ်သွားပြီပေါ့။ တရာမမှုက ၂ မှုပေါ့။ စစ်ဆေးနေတုန်းက ၁ မှုပေါ့။

မေး။ ။ လက်ရှိ အမှုအရေအတွက် ဘယ်လောက်လောက် စစ်ဆေးပြီးပြီလဲ။

ဖြေ။ ။ အဲဒါက ကျွန်တော်တို့ စစ်ကြောင်းထိုးလာတဲ့ အပိုင်းတွေနဲ့ကြောင့် ဆိုင်းငံ့ ခဏထားပြီးတော့ အခု ရုံးဖွင့်ပြီးတော့မှ ပြန်လက်ခံရမှာ။ အမှုအရေ အတွက် ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ မသိနိုင်တဲ့ အနေအထားမျိုးဖြစ်နေတယ်။

မေး။ ။ တရားရုံး လုံခြုံရေး ပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး စီမံထားတာတွေရှိလဲ။

ဖြေ။ ။ ဒေသခံ ပကဖတွေနဲ့ မြို့နယ် ပကဖ ကာကွယ်ရေး တပ်ရင်းတွေပေါ့။ အဲတာမျိုးတွေက ကူညီပေးပါတယ်။

မေး။ ။ အချုပ်သား အကျဥ်းသားတွေကို ထားရှိဖို့ အကျဥ်းထောင် ဆောက် လုပ် ထားမှု အခြေအနေတွေကောရှိလား။

ဖြေ။ ။ အဲဒါကတော့ စီစဥ်ဆောင်ရွက်ဆဲ ပုံစံလောက်ပဲ ရှိသေးတယ်ဗျ။ အကျဥ်းထောင် ကိစ္စက တော့ အထက်ကနေတော့မှ သူတို့ ညွန်ကြားချက်ပေးတဲ့ အတိုင်းလုပ်ရမှာဆိုတော့ လျာထားချက်ရှိတယ်လို့ပဲ ပြောလို့ရမယ်။

မေး။ ။ လက်ရှိ အများဆုံးစစ်ဆေးနေရတဲ့ အမှုတွေက ဘယ်လိုအမှုမျိုးတွေလဲ။

ဖြေ။ ။ အများဆုံးကတော့ မူးယစ်မှုတွေပေါ့။ တရားမ မှုတွေ အဲဒါမျိုးတွေပဲ ရှိတယ်။

မေး။ ။ တရားရုံးရဲ့ စီမံနိုင်မှု အတိုင်းအတာက အားရ ကျေနပ်မှုရှိလား။

ဖြေ။ ။ အားရ ကျေနပ်သလားဆိုတော့ ကျေနပ်ပါတယ်။ ဒါပေမယ့် ကျွန် တော်တို့ ခေတ်ကောင်းတုန်းက ဆောင်ရွက်နေတဲ့ ပုံစံမျိုးထိ မရောက်ပေမယ့် ကျွန်တော်တို့ တော်တော်ကြီးကို အောင်မြင်နေပြီလို့ ပြောလို့ရပါတယ်။

​မေး။ ။ ကသာမြို့နယ်အတွင်း တရားဥပဒေ စိုးမိုးမှု အတိုင်းအတာ ဘယ် လောက် အထိ ရှိနေပြီလဲ။

ဖြေ။ ။ တရားဥပဒေစိုးမိုးမှုကတော့ ကျွန်တော်တို့ ပြောမယ်ဆိုရင် ၇၅ ရာခိုင် နှုန်းထိတော့ ရပြီလို့ ပြောလို့တော့ ရပြီ။ ဒါပေမယ့် ကျွန်တော်တို့ လတ်တလော စစ်ကြောင်းတွေ ဝင်လာတဲ့ အခါမှာ ပျက်ယွင်းတာရှိပါတယ်။ ကျန်တဲ့အချိန်တွေက ကျွန်တော်တို့ ဒီအတိုင်းပဲ ဥပဒေတိုင်းပဲ ပကဖ၊ ပအဖ အုပ်ချုပ်ရေး လမ်း ကြောတွေ ကာကွယ်ရေး လမ်းကြောတွေ တပ်ရင်းတွေနဲ့ အကူအညီနဲ့ ပြန်ပြီး လည်ပတ်နိုင်ပါတယ်။

မေး။ ။ ဘာများဖြည့်စွက် ပြောချင်တာရှိလဲ။

ဖြေ။ ။ တော်လှန်ရေးအတွက် တတ်နိုင်သ၍ ကြိုးစားနေတဲ့ဟာတွေ အဲဒါလေးပဲ ပြောချင်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article