32 C
Yangon

ချောင်းဦးတွင် စစ်တပ်က ကျေးရွာ ၄ ရွာကို ဆက်တိုက် မီးရှို့မှု နေအိမ် ၃၀၀ ကျော်ပြာကျ၊ ပြည်သူ ၄ ဦး သတ်ဖြတ်ခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က ရွာလုံးကျွတ် နီးပါး မီးရှို့ဖျက်ဆီးခဲ့မှု နေအိမ် ၃၀၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်က အောက်တိုဘာလ ၁၅ ရက်နေ့တွင် မှန်ချိုကျေးရွာ၊ မထိသာကျေးရွာ၊ ငါးလုံးတင်ကျေးရွာ၊ ဆင်ပြေကျေးရွာတို့ကို ရွာလုံးကျွတ် နီးပါး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ယင်းကျေးရွာ ၃ ရွာမှ ပြည်သူများ အပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူ ၈၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

ငါးလုံးတင်ရွာကို အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်းစဥ်က ပြည်သူ ၃ ဦး မီးရှို့ သတ်ဖြတ်ခံရပြီး ပြည်သူ ၁ ဦး ဖမ်းဆီး ပစ်သတ်ခံရကာ မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

” မှန်ချို၊ မထိသာ၊ ငါးလုံးတင်နဲ့ ဆင်ပြေရွာတွေကို စစ်ခွေးတွေ မီးရှို့ဖျက်ဆီးတာ နေအိမ် ၃၀၀ ကျော်ပြာကျသွားတယ်။ ငါးလုံးတင်ရွာကို စစ်ခွေးတွေ စီးနင်းစဥ်က ပြည်သူ ၃ ဦး မီးရှို့သတ်ဖြတ်ခံရပြီး ပြည်သူ ၁ ဦး ဖမ်းဆီးသတ်ဖြတ်ခံရတယ်။ အမည်တွေတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မထိသာရွာကို မီးရှို့ဖျက်ဆီးသော အကြမ်းဖက် စစ်တပ်နှင့် ကာကွယ် ရေး တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်မှ ပစ်ခတ်သော လက်နက်ကြီး ထိမှန်ကာ PDF ရဲဘော် ၄ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article